Получи случайную криптовалюту за регистрацию!

Z Fighter News [⌨︎]

Логотип телеграм канала @zfighternews — Z Fighter News [⌨︎] Z
Логотип телеграм канала @zfighternews — Z Fighter News [⌨︎]
Адрес канала: @zfighternews
Категории: Без категории
Язык: Русский
Количество подписчиков: 21.92K
Описание канала:

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑
→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews

Рейтинги и Отзывы

3.00

2 отзыва

Оценить канал zfighternews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

1

4 звезд

0

3 звезд

0

2 звезд

0

1 звезд

1


Последние сообщения 6

2023-05-18 17:20:01
လိုင်စင်မရှိဘဲ ဂျပန်ပို့ရန် လူစုနေသည့် သင်တန်းများကို အရေးယူမည်ဟု စစ်ကောင်စီဆို

Z Fighter May 18

ဂျပန်နိုင်ငံကို ပို့ပေးမည်ဟုဆိုကာ ဆွဲဆောင်လူစုနေသည့် သင်တန်းကျောင်းများအား အရေးယူသွားမည်ဟု အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယနေ့ ကြေညာလိုက်သည်။[Lu Nge Khit][Z-F]

ဆက်လက်ဖတ်ရှုရန် >>
https://te.legra.ph/Z-Fighter-05-18-48

#Adm_6
#Lungekhit
#z_fighter

https://t.me/zfighternews
775 viewsedited  14:20
Открыть/Комментировать
2023-05-18 17:12:58
ခ‌မောက်ကြီးမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် ဒေသခံဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရ

Z Fighter May 18

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့အနီးက ကားပျက်တောင်အလွန်မှာ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ မနက် ၈ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီယာဥ်တန်းက စစ်ကောင်စီတပ်သားတွေဟာ အသက် ၄၀ ကျော်အရွယ် ဒေသခံဇနီးမောင်နှံ နှစ်ဦးကိုဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။[The Tanintharyi Times][Z-F]

ဆက်လက်ဖတ်ရှုရန် >>
https://te.legra.ph/Z-Fighter-05-18-47

#Adm_6
#The_Tanintharyi_Times
#z_fighter

https://t.me/zfighternews
806 viewsedited  14:12
Открыть/Комментировать
2023-05-18 17:05:34
ကန့်ဘလူမြို့နယ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး thayဆုံး၊ ရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Z Fighter May 18

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အတွင်း အကြမ်း စစ်တပ် စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး thayဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန် >>
https://te.legra.ph/Z-Fighter-05-18-46

#Adm_6
#Khit_Thit_Media
#z_fighter

https://t.me/zfighternews
695 viewsedited  14:05
Открыть/Комментировать
2023-05-18 17:01:11
မုံရွာမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်လို့ ဘုရားစေတီတွေ ထိခိုက်မှုအနည်းငယ်ရှိ

Z Fighter May 18

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ မုံရွာတောင်ပိုင်းက ကျေးရွာတရွာက ဘုရားစေတီတွေ ထိခိုက်မှုအနည်းငယ်ရှိတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ထုတ်ပြန်ပါတယ်။[Delta News Agency][Z-F]

ဆက်လက်ဖတ်ရှုရန် >>
https://te.legra.ph/Z-Fighter-05-18-45

#Adm_6
#DeltaNewsAgency
#z_fighter

https://t.me/zfighternews
735 viewsedited  14:01
Открыть/Комментировать
2023-05-18 16:55:01
"ပြည်သူရှိသရွေ့ အမေစုရှိတယ်" စာတန်း ကိုင်ဆောင်ကာ ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

Z Fighter May 18

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ၁၈ ရက်နေ့တွင် "ပြည်သူရှိသရွေ့ အမေစုရှိတယ်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။[Khit Thit Media][Z-F]

ဓာတ်ပုံ - AungKhantZaw

#Adm_6
#Khit_Thit_Media
#z_fighter

https://t.me/zfighternews
678 viewsedited  13:55
Открыть/Комментировать
2023-05-18 16:50:55
ငါန်းဇွန် မြို့သာမြို့မှာ လမ်းဘေးထိုင်နေတဲ့ ပြည်သူတွေကို စစ်အုပ်စုက အကြောင်းမဲ့ ခေါ်ရိုက်လို့ တစ်ဦး thayဆုံး၊

Z Fighter May 18

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာမြို့မှာ မနေ့က ညနေပိုင်း လမ်းဘေး ဝိုင်းဖွဲ့ထိုင်နေတဲ့ ပြည်သူတွေကို စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီးငွေညှစ် ရိုက်နှက်ခဲ့ရာ လူလတ်ပိုင်း အမျိုးသားတစ်ဦး thayဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။[Mandalay Free Press][Z-F]

ဆက်လက်ဖတ်ရှုရန် >>
https://te.legra.ph/Z-Fighter-05-18-44

#Adm_6
#Mandalay_Free_Press
#z_fighter

https://t.me/zfighternews
709 viewsedited  13:50
Открыть/Комментировать
2023-05-18 16:49:23 သတင်းပေါင်းချုပ် [Part-1,2,3] အား Facebook Link တွင် လည်း တစုတစည်းတည်းဖတ်ရှုနိုင်ပါပြီ

Fb Link


https://www.facebook.com/100090300093007/posts/pfbid022LzoYwPx3rTBUfxZnXSCXFKMxuCnAt8D1J8yyUJ83WLfSswDsjjHrv6ohN5CNS2l/

https://t.me/zfighternews
678 viewsedited  13:49
Открыть/Комментировать
2023-05-18 16:40:34 ​​​ Z Fighter

ညပိုင်းသတင်းပေါင်းချုပ်

Z Fighter May 18

https://t.me/zfighternews

𝗣𝗮𝗿𝘁 - 3 ​

မော်လိုက်တွင် စစ်တပ်က ဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ထားပြီး ကျေးရွာများကို ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေ။

မိုးကောင်းတွင် စရဖ ဗိုလ် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရေဦးတွင် ကြံ့ဖွတ်ပါတီဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ ၁ ဦး ဖမ်းဆီးခံရ။

ရွှေဘိုမြို့ကျေးရွာတရွာက ကလေးငယ်တွေအပါအဝင် အရပ်သားငါးဆယ်ခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီဖမ်းဆီး။

တနင်္သာရီမှာ မိုင်းဆွဲခံရတဲ့ အမတ (၃၀၆)တပ်ရင်းက ခြေလျင်စစ်ကြောင်း ၁၀ ဦးထက်မနည်း ထိခိုက်၊ သေဆုံး။

ဘီးလင်းတွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွား‌ နေပြီး စစ်ကောင်စီတပ်သား ၂၅ ဦးနှင့်အထက်သေဆုံး။

မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေရဲ့ အွန်လိုင်းကျောင်းတွေမှာ အခုနှစ်ကျောင်းအပ်သူနည်းလာ။

မန္တလေးတောင်းခြေ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ နေ့စဉ် တံခါးပိတ်ပေးတဲ့ မြန်မာစာကထိက ဆရာတော် တံခါးပိလို့ ပျံလွန်။

မြင်းခြံမြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ဟင်္သာတမြို့ ပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွား။

တောင်ငူအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး သေနတ်များလုယူ ထွက်ပြေးလွတ်မြောက်၊ ထောင်တပ်ကြပ် ၁ ဦးသေဆုံး။

ယင်းမာပင်မြို့နယ်ရှိ ရေဘေးသင့် ကျေးရွာ ၂ ရွာ ပြည်သူများကို စားသောက်ကုန်များ လှူဒါန်း။

Z Fighter

သတင်းစုဆောင်းရေးအဖွဲ့

𝗣𝗮𝗿𝘁 - 3

#z_fighter
665 viewsedited  13:40
Открыть/Комментировать
2023-05-18 16:39:43 ​​​ Z Fighter

ညပိုင်းသတင်းပေါင်းချုပ်

Z Fighter May 18

https://t.me/zfighternews

𝗣𝗮𝗿𝘁 - 2 ​

မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ။

"ဝ" ပြည်နယ်ရှိ ဟိုင်းဖုန်းစား ကုမ္ပဏီတွင် အသက်မပြည့်သေးသည့် ကလေးများ အပါအဝင် မြန်မာ အမျိုးသား ၁၁ ဦး လူကုန်ကူးခံရပြီး ငွေလိမ်သည့်အလုပ် လုပ်ခိုင်းကာ မတရား နှိပ်စက်ခံနေရ။

တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က ၅ ဦးtay။

စစ်အာဏာသိမ်း (၈၃၆) ရက်အတွင်း thatဖြတ်ခံရသူ ၃၅၁၉ ဦးအထိရှိလာ။

မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွက် ဒေါ်လာ နှစ်သိန်း အမေရိကန်ကူညီမည်။

ဗြိတိန်နဲ့နယ်သာလန်က ယူကရိန်းသို့ ခေတ်မီဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့မယ်လို့ ကတိပြု။

မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် Tayဆုံးသူ  ၄၅၅ ဦးရှိပြီး  စိုက်ပျိုးမြေ ၄၂၅၁၇ ဧက ပျက်စီး ဆုံးရှုံးဟု NUG တရားဝင်ထုတ်ပြန်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာတစ်ဘီ လျံဖိုး စစ်လက်နက်ပစ္စည်းများကို စစ်တပ်က နိုင်ငံတကာမှ ဝယ်ယူခဲ့တယ်လို့ ကုလအစီ ရင်ခံစာမှာ ဖော်ပြ။

နိုင်ငံအနှံ့ တိုက်ပွဲအားလုံးရဲ့ ၅၄ % က ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တယ်လို့ ISP ထုတ်ပြန်။

ကနီ၊ လယ်ရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ရက် ကြာမှ သင်္ဂြိုလ်ရ၊ ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးသွား။

ဒီးမော့ဆိုမြို့နယ်ရှိ မိဘမဲ့ စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံး ပစ္စည်းများ လှူဒါန်း။

မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဘုရားစေတီနှင့် ကျောင်းဆောင် အချို့ ထိမှန်ပျက်စီး။

ဒီးမော့ဆိုအရှေ့ခြမ်း လေးရက်မြောက်တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်။

မြိုင်၊ သရက်ခွရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံး။

ရွှေဘိုမြို့တွင် စစ်တပ် ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး။

တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ကြောင်း ကနဦးသိရ။

မြောက်ယမားချောင်းဒေသမှာ မုန်တိုင်းဒဏ် သင့်သူချင်းချင်း ဝေမျှစားနေရပြီး အကူညီ လိုအပ်။

ပျူစောထီးအဖွဲ့ကိုဝင်ဖမ်းရာ ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်Tayဆုံးမှုရှိ။


Z Fighter

သတင်းစုဆောင်းရေးအဖွဲ့

𝗣𝗮𝗿𝘁 - 2

#z_fighter
635 views13:39
Открыть/Комментировать
2023-05-18 16:38:49 ​​ Z Fighter
ညပိုင်းသတင်းပေါင်းချုပ်

Z Fighter May 18

https://t.me/zfighternews

𝗣𝗮𝗿𝘁 - 1

မုံရွာမြို့တွင် ပတ်စပို့စ်စာအုပ်လာလုပ်တဲ့ စစ်ကိုင်းမြို့ခံ လူငယ် ၅၀ ကျော် ဖမ်းဆီးခံရ၊ ဖမ်းဆီးခံရသူများထဲတွင် စစ်တပ်နဲ့ ရဲများ၏ သားသမီးများလည်း ပါဝင်နေ

မိုခါ မုန်တိုင်းကြောင့် Tayဆုံးသူ ၄၅၀ ကျော်ရှိ၊ ရခိုင်မှ ၄၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း NUG ထုတ်ပြန်၊
ရခိုင်ပြည်နယ်၌ နေအိမ်အဆောက်အဦး ပျက်စီးမှု အလွန်များပြီး ကျန်မြို့နယ် ၃၀ ကျော်မှ နေအိမ်အဆောက်အအုံ ၁၅၀၀ ကျော် ပျက်စီး

ဘီးလင်းကတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၀) ထက်မနည်းTayဆုံး၊ အများအပြားထိခိုက်ဒဏ် ရာရ

​​မြ၀တီတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်၊
စစ်ကောင်စီတပ်ထံမှ လက်နက် တစ်လက်နှင့် ကျည်၊ ခဲယမ်းများသိမ်းဆည်းရရှိဟု ကော်ဘရာ အသိပေး

တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကနီမြို့နယ်သို့  စစ်ကြောင်းထိုးလာသော စစ်တပ်ကို  ၇ ရက်တာ ခုခံတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်ကြောင်းမှူးတစ်ဦး အပါအဝင် Tayဆုံးမှု များပြား ၊ PDF ၃ ဦးကျဆုံး

​​ရေစကြို PDFက အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု ၈ဦးtayဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

ကား၊ ဆိုင်ကယ်တွေကို ငွေတောင်းနေတဲ့စစ်အုပ်စု အလစ်ဝင်ပစ်ခံရလို့  ၂ ဦးခန့် Tayဆုံးဟုဆို

ကနီမြို့နယ်အတွင်း ချောင်းမကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲပစ်ခတ်၍ ဆောက်အဦးများ ထိခိုက် ပျက်စီးကာ ဒေသခံတစ်ဦး ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ၊ စာသင် ကျောင်းနဲ့ နေအိမ် ၅လုံး ပျက်စီးပြီး မြေပြင်ကနေပါလက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်နေ

Z Fighter
သတင်းစုဆောင်းရေးအဖွဲ့

𝗣𝗮𝗿𝘁 - 1

#z_fighter
592 views13:38
Открыть/Комментировать