Получи случайную криптовалюту за регистрацию!

Z Fighter News [⌨︎]

Логотип телеграм канала @zfighternews — Z Fighter News [⌨︎] Z
Логотип телеграм канала @zfighternews — Z Fighter News [⌨︎]
Адрес канала: @zfighternews
Категории: Без категории
Язык: Русский
Количество подписчиков: 21.82K
Описание канала:

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑
→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews

Рейтинги и Отзывы

3.00

2 отзыва

Оценить канал zfighternews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

1

4 звезд

0

3 звезд

0

2 звезд

0

1 звезд

1


Последние сообщения 3

2023-05-22 06:53:19
ပြင်ဦးလွင် စစ်တပ်လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာကျောင်းတွင် တပ်ထဲဝင် လိုသူ မရှိ၍ တပ်သားသစ်တစ်ဦးလျှင် ငွေ ၁၀ သိန်းပေး ခေါ်ယူရန် အရာရှိ နှင့် စစ်သည်လစာများမှ ငွေများဖြတ်တောက်

Z Fighter May 22

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တပ် လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ကျောင်း တွင် တပ်ထဲဝင်လိုသူမရှိ၍ တပ် သားသစ် ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်း ပေး၍ ခေါ်ယူရန် အရာရှိနှင့်စစ်သည်များ၏ လစာများကို ဖြတ်တောက် လျက် ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
[Khit Thit Media][Z-F]

ဓာတ်ပုံ- တပ်မတော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်း(ပြင်ဦးလွင်)ကို စစ်ဆေးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။

Read More
https://te.legra.ph/Z-Fighter-05-22-8

#Adm_3
#KhitThitMedia
#z_fighter

https://t.me/zfighternews
71 viewsedited  03:53
Открыть/Комментировать
2023-05-22 06:16:18
လားရှိးမြို့တွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွား

Z Fighter May 22

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ နံနက် ၁ နာရီကျော်က လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်းနှင့် ဆုံကွယ်ရွာ၊ စစ်မှုထမ်းဟောင်းရပ်ရှိ နေအိမ်တချို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ဟု ဒေသခံများထံမှ သိရသည်။
[TachileikNewsAgency][Z-F]

Read More
https://te.legra.ph/Z-Fighter-05-22-5

More Photos in Comment

#Adm_3
#TachileikNewsAgency
#z_fighter

https://t.me/zfighternews
306 viewsedited  03:16
Открыть/Комментировать
2023-05-22 06:08:23
မြန်မာ အကြမ်းဖက်စစ်ကောင်စီကို G7 နိုင်ငံများက အရေးယူရေး အီတလီတွင် ဆန္ဒပြ တောင်းဆို၊ မြန်မာ့အရေး အတွက် အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနထံ အိတ်ဖွင့်ပေးစာ ပေးပို့

Z Fighter May 22

မြန်မာ အကြမ်းဖက်စစ်ကောင်စီကို G7 နိုင်ငံများက အရေးယူရေး အီတလီတွင် ယနေ့ ဆန္ဒပြ တောင်းဆိုကြကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ပြုလုပ်ခဲ့သော G7 အစည်းအဝေးတွင် နိုင်ငံ တကာ ခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးလစ်လျူရှုမထားရန်၊ စစ်ကောင်စီအတွက် လေယာဥ်ဆီပိတ်ဆို့အရေးယူပေးရန်၊ အာဏာသိမ်းစစ်အုပ်စုနှင့် သံတမန်ရေးလုပ်ဆောင်မှုများမပြုလုပ်ရန်၊ စစ်အုပ်စု၏ အယောင်ဆောင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုရန် အီတလီရောက်မြန်မာများက ‘’ Giuseppe Malpeli" Italy - Burma Friendship Association တို့နှင့်အတူ ပူးပေါင်းတောင်းဆိုကြသည်။
[Khit Thit Media][Z-F]

Read More
https://te.legra.ph/Z-Fighter-05-22-4

More Photos in Comment

#Adm_3
#KhitThitMedia
#z_fighter

https://t.me/zfighternews
343 viewsedited  03:08
Открыть/Комментировать
2023-05-22 05:57:07
ကရင်နီပြည်မှ ရက် ပေါင်း ၇၀ ကျော်လာသည့်ဗျူဟာ မြောက်တိုက်ပွဲ

Z Fighter May 22

ကရင်နီ(ကယား)ပြည်နယ်တွင် သေဆုံးထိခိုက်မှုများနေရ သော်လည်း စစ် ကောင်စီတပ်ကလွိုင်ကော်-ဒီးမော့ဆို-ဘောလခဲဗျူဟာမြောက်လမ်းကို ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင် နေမှုကိုဆက်တိုက်ပြုလုပ် နေဆဲဖြစ်သည်။ကရင်နီပူး ပေါင်းတပ်များကလည်း အ ကောင်းဆုံးခုခံကာကွယ် နေ၍ ဒီးမော့ဆို
မြို့နယ်အ ရှေ့ခြမ်းတိုက်ပွဲများမှာ နှစ်လ ပင်ကျော်လာခဲ့ သည်။
[People’s Spring][Z-F]

ဓာတ်ပုံ – KNDF

Read More
https://telegra.ph/Z-Fighter-05-22-3

More Photos in Comment

#Adm_3
#PeopleSpring
#z_fighter

https://t.me/zfighternews
322 viewsedited  02:57
Открыть/Комментировать
2023-05-22 05:33:21 YGN Traffic News

Date: May 22,2023 [9:02AM]

ရန်ကုန် မြိုတွင်း ယာဉ်ကြောအခြေနေ
ကားများသည်

ကမ္ဘာအေးဘုရားလမ်းပေါ် ဂန္ဓမာလမ်းအကျော် မှ ၈မိုင်ပွိုင့်အထိ ကြပ်ပိတ်နေသည် ၊အင်းယားလိပ်ဟိုတယ်ပွိုင့်မှ ကုက္ကိုင်းမှ ဆီဒိုးနားသို့

ပြည်လမ်းပေါ် မြေနီကုန်းနှင့်ဟံသာဝတီအဝိုင်းကြား နှစ်ဘက်လုံး ၊အေဒီပွိုင့်ဟိုဘက်ဒီဘက်

ဘုရင့်နောင်လမ်းပေါ် ဆင်မလိုက်မှ ချောင်းဝဘက်မှ ရွာမကျောင်းလမ်းသို့

ဦးဝိဇာရလမ်း မပိုလမ်းဘက်မှ ဓမ္မစေတီလမ်းသို့

အင်းစိန်လမ်း ဂမုန်းပွင့်မှ လှည်းတန်း ၊ ဘာတာမှ ပါရမီသို့

ရန်ကင်းစင်တာပွိုင့်ပတ်လည်

တာမွေလေးအဝိုင်းပွိုင့်ပတ်လည်နှင့် ထိုမှ ရန်ကင်းလမ်းအထိ

လေးထောင့်ကန်လမ်း ဘီအိုစီမှ ဝေဇယန္တာပွိုင့်သို့

ဝေဇယန္တာလမ်း သာကေတဘက်မှ ပြည်သာယာဘက်မှ အသင်းတိုက်ပွိုင့်သို့

သာကေတ ၁စျေးနားဇင်္ဂမလမ်းဘယ်ညာ

ယမုန်နာလမ်းပေါ် မြင်တော်သာလမ်းဘက်မှ ဒေါပုံစခန်းပွိုင့်သို့

သန်လျင်တံတား ပေါ် သာကေတဘက်မှ ၊ နာရီစင်ဘက်မှ သန်လျှင်ဘက်ခြမ်းတံတားအတက်နားသို့ ပိတ်ဆို့နေသည်

လှိုင်သာယာကြိုးတံတား ပေါက်တောဝဘက်အဆင်း

မြောက်ဥက္ကလာအဝိုင်းမှ ကျောက်ရေတွင်းတံတားအောက်အကျော် ထိ

ဟံသာဝတီလမ်းဘယ်ညာ

တောင်မြောက်လမ်းဆုံပတ်လည် အသင့်တင့်
384 views02:33
Открыть/Комментировать
2023-05-22 05:29:59
Z Fighter May 22

အရပ်သား ၂၀ နီးပါး မီးရှို့သတ်ဖြတ်မှုကို စစ်ကောင်စီ တာဝန်ခံရမယ်လို့ KNU ပြော
[Than Lwin Times][Z-F]

#Adm_3
#ThanLwinTimes
#z_fighter

https://t.me/zfighternews
361 viewsedited  02:29
Открыть/Комментировать
2023-05-22 05:23:16
မုန်တိုင်းသင့်ဒေသများအတွက် လူငယ်စွမ်းအားများ လိုအပ်နေဟု*AA*ပြော

Z Fighter May 22

ရခိုင်ပြည်နယ်က အရေးပေါ်လိုအပ်နေတဲ့ မုန်တိုင်းသင့်ဒေသတွေမှာ လူငယ်တွေအနေနဲ့ ပရဟိတစိတ်ဓါတ်အပြည့်နဲ့ ကူညီလုပ်အားပေးဆောင်ရွက်ကြဖို့ ရက္ခိုင့်တပ်တော်AAက ဖွဲ့စည်ထားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA)က တိုက်တွန်းပန်ကြားလိုက်ပါတယ်။
[BurmaVJ][Z-F]

Photo-AA

Read More
https://te.legra.ph/Z-Fighter-05-22-2

More Photos in Comment

#Adm_3
#BVJ
#z_fighter

https://t.me/zfighternews
369 viewsedited  02:23
Открыть/Комментировать
2023-05-22 05:13:01
မြန်မာ့ကျေးလက်ပြည်သူများက ဖက်ဒရယ်စနစ် ပေါ်ထွန်းရေး အဓိကအခြေခံ အုတ်မြစ်များ ဖြစ်လာ

Z Fighter May 22

စစ်အုပ်စုက ၎င်းတို့၏အာဏာ ထိန်းချုပ်မှုမှ ကျော်လွန်လာသည့် ဒေသဆိုင်ရာအစိုးရများ ပေါ်ထွန်းလာမည်ကို စစ်အာဏာရှင်များက မည်မျှအတိုင်းအတာအထိ ကြောက်ရွံ့မှုရှိနေသည်ကို ပဇီကြီးကျေးရွာမှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းဖြင့် ပြသခဲ့သည်။
[Khit Thit Media][Z-F]

( မေလ ၁၁ ရက်နေ့ The United States Institute of Peace (USIP) တွင် ရေးသားသော Priscilla A. Clapp and Arkar Hein တို့၏ “Amid the Fight for Myanmar, Federalism Rises from the Grass Roots” ကို ဆီလျှောအောင် ဘာသာပြန်ဆိုသည်။)

Read More
https://telegra.ph/Z-Fighter-05-22

#Adm_3
#KhitThitMedia
#z_fighter

https://t.me/zfighternews
383 viewsedited  02:13
Открыть/Комментировать
2023-05-22 04:57:32
ယင်းမာပင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး မြောက်ခြမ်း သပိတ်အင်အားစု ချီတက် သပိတ်မှောက်

Z Fighter May 22

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာ ရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၂၂ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။

နယ်မြေဒေသ မတည်ငြိမ်သည့် ကြားကနေ နေ့စဉ်မပျက် ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖော်နေသော ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစု က အင်အားအပြည့်ဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ချီတက် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။
[Khit Thit Media][Z-F]

More Photos in Comment

#Adm_3
#KhitThitMedia
#z_fighter

https://t.me/zfighternews
427 viewsedited  01:57
Открыть/Комментировать
2023-05-22 04:34:29
၁၄ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနား (ဓာတ်ပုံ)

Z Fighter May 22

၂၀၂၃ ခုနှစ် ၁၄ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်စ်မြို့မှာ ဒေသစံတော်ချိန် မေလ ၂၁ ရက်ညနေကျင်းပခဲ့ပြီး အခမ်းအနားမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
[DVB][Z-F]

More Photos in Comment

#Adm_3
#DVB
#z_fighter
483 viewsedited  01:34
Открыть/Комментировать