Получи случайную криптовалюту за регистрацию!

Z Fighter News [⌨︎]

Логотип телеграм канала @zfighternews — Z Fighter News [⌨︎] Z
Логотип телеграм канала @zfighternews — Z Fighter News [⌨︎]
Адрес канала: @zfighternews
Категории: Без категории
Язык: Русский
Количество подписчиков: 21.90K
Описание канала:

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑
→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews

Рейтинги и Отзывы

3.00

2 отзыва

Оценить канал zfighternews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

1

4 звезд

0

3 звезд

0

2 звезд

0

1 звезд

1


Последние сообщения 8

2023-05-15 10:21:05
မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Z Fighter May 15

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့ တာဝန်ခံ ဗိုလ်စံရှားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင် မြင်းမူမြို့မှ မုံရွာဘက်သို့ မုန်တိုင်း အကြား အလစ်အငိုက် ခိုးထွက်လာသည့် အကြမ်းဖက် စစ်ကား ၃ စီးကို ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တော အကြားတွင် Black Eagle Defence Force-MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေး အဖွဲ့) နှင့် ညီနောင်မဟာမိတ်များ ပူးပေါင်းကာ ပဒေသာ - မိုင်း ၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရှေ့ဆုံး ဂျန်ဘာကား ထိမှန်ခဲ့ကြောင်း သိရသည်။[ Z-F ]

Read more
https://telegra.ph/Z-Fighter-05-15-20

#Adm_7
#KhitThitMedia
#z_fighter

https://t.me/zfighternews
647 viewsedited  07:21
Открыть/Комментировать
2023-05-15 10:18:29
မုန်တိုင်းကြောင့် မုံရွာ SRAF တပ်ဖွဲ့ စခန်း ပျက်စီးပြီး စစ်သုံးပစ္စည်းနဲ့ ရိက္ခာတွေ ဆုံးရှုံး၊

Z Fighter May 15

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ အခြေပြုထားတဲ့ မုံရွာ အထူးတိုက်ခိုက်ရေးအဖွဲ့ - Special Regional Attacks Forces - Monywa (SRAF) တပ်ဖွဲ့ရဲ့ ထုတ်လုပ်ရေး၊ တိုက်ခိုက်ရေးနှင့် နယ်မြေခံ မဟာမိတ်ချိတ်ဆက်ရေးစခန်း မနေ့က မုန်တိုင်း တိုက်ခတ်မှုနဲ့အတူ မိုးသည်းပြီး ရေတိုက်စား သွားတာကြောင့် စခန်းမှာရှိတဲ့ စစ်သုံးပစ္စည်းနဲ့ ရိက္ခာတချို့ ပျက်ဆီးဆုံးရှုံးသွားပြီး ပြန်လည် ထူထောင်ရေး အကူအညီတွေ လိုအပ်နေတယ် လို့ သတင်းရရှိပါတယ်။[ Z-F ]

Read more
https://telegra.ph/Z-Fighter-05-15-19

#Adm_7
#Mandalay_Free_Press_MFP
#z_fighter

https://t.me/zfighternews
641 viewsedited  07:18
Открыть/Комментировать
2023-05-15 09:33:46
KNU ဒု ဥက္ကဋ္ဌ၏ ဖခင်နှင့် ညီဖြစ်သူအား စစ်ကောင်စီ ဖမ်းဆီး

(နောက်ဆက်တွဲသတင်း)

ကွန်ဂရက်မှာ ရွေးကောက်ခံရတဲ့ KNU ဒုဥက္ကဋ္ဌရဲ့ ဖခင်နဲ့ ညီဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေး

Z Fighter May 15

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒု ဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ဖခင်ဖြစ်သူနှင့် ညီဖြစ်သူ စောသာဂေတို့နှစ်ဦးအား ယမန်နေ့ ညနေပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က နေအိမ်သို့ လာရောက် ဖမ်းဆီးသွားကြောင်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာ ဒေသခံတဦးက ပြောသည်။

၎င်းက “မနေ့က လေပြင်းတွေ တိုက်နေတဲ့အချိန် ညနေ ၅ နာရီခွဲလောက်မှာ ရွာထဲကို စစ်ကောင်စီတပ်က ကောင် တွေ ၅၀ လောက်ရှိမယ် ဝင်လာပြီး စောသာဂေတို့သား အဖကို ဖမ်းသွားတာ” ဟု ပြောသည်။
[ Z-F ]

ပုံစာ- KNU ဒု ဥက္ကဋ္ဌ ပဒိုစောဆဲဂေ (KNU)

Read more
https://telegra.ph/Z-Fighter-05-15-18

နောက်ဆက်တွဲသတင်းအား Comment တွင်ဖတ်ရှုနိုင်ပါသည်။

#Adm_7
#TheIrrawaddyBurmeseEdition
#z_fighter

https://t.me/zfighternews
804 viewsedited  06:33
Открыть/Комментировать
2023-05-15 09:30:33
ကနီမှာ မိုးရွာနေချိန် လေကြောင်းနဲ့တိုက်ခိုက်၊ မြေပြင်တိုက်ပွဲမှာ ပကဖ တစ်ဦးTayဆုံး

Z Fighter May 15

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းမရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ရဲဘော်တဦးtayဆုံးခဲ့တဲ့အပြင် စစ်ကောင်စီဘက်က လေကြောင်းနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၄ ရက် မနေ့မနက်က အင်အား ၁၂၀ ကျော်ပါတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ မင်းမရွာ၊ သမင်ခြံရွာနဲ့ သင့်ဝင်ရွာကြား‌တွေကို ဂျက်ဖိုက်တာ ၃ ခေါက် အဝေးကနေ ပစ်သွားခဲ့တာလို့ ဆိုပါတယ်။
[Myaelatt Athan][Z-F]

ပုံစာ - မေလ ၁၄ ရက်‌တွင် စစ်ရှောင်နေကြရသည့် ကနီဒေသခံများ။

Read More
https://te.legra.ph/Z-Fighter-05-15-16

#Adm_3
#Myaelatt_Athan
#z_fighter

https://t.me/zfighternews
777 viewsedited  06:30
Открыть/Комментировать
2023-05-15 09:30:22
ထိုင်းရွှေးကောက်ပွဲမှာ Move Forward ပါတီ အပြတ်အသတ်ဦးဆောင်နေ

Z Fighter May 15

ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ လူငယ်နိုင်ငံရေး သမားတွေဦးဆောင်တဲ့ ကောက်ကလိုင်(Move Forward) ပါတီဟာ အမြင့်ဆုံးရလဒ် (၁၄) သန်းကျော်နဲ့ ပြည်သူရွေးချယ်မှုနံပါတ်(၁)မှာ ဦးဆောင်နေကာ ကိုယ်စားလှယ်ရွေးချယ်မှု မှာလည်း မဲရလဒ်(၉)သန်း (၅)သိန်းကျော်နဲ့ ပါလီမန် ထိုင်ခုံ (၁၁၂) ခုံထိရရှိထားပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ(၆၈) ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရလဒ် သိန်းကျော်နဲ့ ဦးဆောင်ထားနိုင်တဲ့ ပါတီ (၅) ပါတီအထိရှိကာ လက်ရှိအချိန်မှာ မဲရေတွက်မှု (၉၉) ရာခိုင်နှုန်း ကျော်ပြီးမြောက်ခဲ့ပြီလို့လည်း သိရပါတယ်။[ Z-F ]

ဓာတ်ပုံ - ထိုင်းရွေးကောက်ပွဲကော်မရှင်

Read more
https://telegra.ph/Z-Fighter-05-15-17

#Adm_7
#ThanLwinTime
#z_fighter

https://t.me/zfighternews
742 viewsedited  06:30
Открыть/Комментировать
2023-05-15 09:14:13
ကရင်နီရှေ့တန်းတစ်နေရာတွင် အသက်၁၈နှစ်အရွယ် ကွန်မန်ဒိုရဲဘော်တစ်ဦး ကျဆုံး

Z Fighter May 15

ကယား(ကရင်နီ)ပြည်နယ်ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့သည့် အသက် ၁၈နှစ်အရွယ် ကွန်မန်ဒိုရဲဘော် နိုဘယ်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ကယား(ကရင်နီ)တော်လှန်ရေး တပ်ပေါင်းစု (KRU)ကထုတ်ပြန်လိုက်သည်။

မေလ ၁၀ရက်နေ့ ၊ညနေ ၆နာရီခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆင်နွှဲနေသည့် ကယား(ကရင်နီ)ပြည်နယ်ရှေ့တန်းတစ်နေရာတွင် KRU တပ်ရင်း၊တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ကွန်မန်ဒိုရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ် ကျဆုံးခဲ့ခြင်းဖြစ်သည်။
[Myanmar Pressphoto Agency][Z-F]

ပုံစာ- ကျဆုံးရဲဘော် မောင်အဲလ်ဖရက် (ခ)ခွန် နိုဘယ်။ ( Photo – KRU)

Read More
https://te.legra.ph/Z-Fighter-05-15-15

More Photos in Comment

#Adm_3
#MPA
#z_fighter

https://t.me/zfighternews
741 viewsedited  06:14
Открыть/Комментировать
2023-05-15 09:09:59
မိုခါမုန်တိုင်းကြောင့် မြောင်မြို့နယ်တောင်ပိုင်းမှာ သီးနှံခင်းတွေပျက်စီး

Z Fighter May 15

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တောင်ပိုင်းရှိကျေးရွာတွေမှာ မိုခါဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်ပြီး မေလ ၁၂ ရက် ညကတည်းက မိုးရွာတာများတဲ့အတွက် သီးနှံစိုက်ခင်းတွေရေမြုပ်လို့ ပျက်စီးဆုံးရှုံးနိုင်တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့(CDSOM)ဆီက သိရပါတယ်။

မြောင်မြို့တောင်ပိုင်းကျေးရွာတွေမှာ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း သီးနှံတွေ စိုက်ပျိုးထားရာ ရိတ်သိမ်းချိန်တွင် မုန်တိုင်းဝင်မည်ဆိုတာကြောင့် CDSOMအဖွဲ့အနေနဲ့ ဝိုင်းကူညီလုပ်ကိုင်ပေးခဲ့တယ်လို့ အဖွဲ့တာဝန်ခံ ကိုနွေဦးက မြေလတ်အသံကို ပြောပါတယ်။
[Myaelatt Athan][Z-F]

Read More
https://te.legra.ph/Z-Fighter-05-15-14

More Photos in Comment

#Adm_3
#Myaelatt_Athan
#z_fighter

https://t.me/zfighternews
718 viewsedited  06:09
Открыть/Комментировать
2023-05-15 09:06:56 YGN- တောင်ဥက္ကလာ

အချိန်- May 15 , 2023 [ 12:31 PM  ]

စခအခြေအနေ - တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းမပေါ်၊ မလိခ အိမ်ရာအနီး၌ စက်ဘီးစီးလာသူအချို့အား စစ်ခွေး - ၇ ကောင်ခန့်အင်အားဖြင့် စစ်ဆေးနေကြောင်း သတင်းရရှိ။

သတင်းပေးရန်- @zscout_bot

Source-Z Informer [ CJ ]

@zscoutfighter
#z_fighter
662 views06:06
Открыть/Комментировать
2023-05-15 08:54:37
မိုခါမုန်တိုင်းကြောင့် CDF - Asho ဌာနချုပ်ရုံး ပျက်စီး

Z Fighter May 15

မကွေးတိုင်း အခြေစိုက် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ - အရှို (CDF- Asho) ဌာနချုပ်ရုံးသည် မေ ၁၄ ရက် နေ့လည် ၂ နာရီခန့်က မိုခါမုန်တိုင်းတိုက်ခိုက်၍ ပျက်စီးသွားသည်ဟု သိရှိရသည်။

"အမိုးအကာတွေ အကုန်လုံးလှန်ကုန်တယ်။ ထရံတွေတော့ နည်းနည်းပျက်စီးသွားတယ်၊ ကျန်တဲ့ ပစ္စည်းတွေက အချိန်မှီ ရွှေ့ပြောင်းနိုင်ခဲ့တယ်" ဟု CDF - Asho တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
[Zalen][Z-F]

#Adm_3
#Zalen
#z_fighter

https://t.me/zfighternews
766 viewsedited  05:54
Открыть/Комментировать
2023-05-15 08:30:51
ထားဝယ်တွင် စစ်ထောက်လှမ်းရေး ဦးနှင့် ဆွာမြို့တွင် အုပ်ချုပ်ရေးမှူး ဦးတို့ ပစ်ခတ်ခံရပြီး ဦးTayဆုံး

Z Fighter May 15

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထောက်လှမ်းရေး ၂၅ တပ်မှ ထောက်လှမ်းရေး နေမင်း (ခ)ခေါင်းကီး ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းရာ Tayဆုံးသွားကြောင်း Dawei Collection Column မှ တာ ဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၄ ရက် နေ့လည် ၂ နာရီခန့်က ပကာရီကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ထားဝယ်မြို့မှ ကား ၃ စီးဖြင့်လာရောက်ခေါ်ဆောင်ပြီး ၎င်းကို ဒေသသတင်းထောက်လှမ်း ရန် ပကာရီကျေးရွာ ချန်ထားခဲ့စဉ် ထားဝယ်စုပေါင်း စစ်ကြောင်း(Dawei Collection Column) နှင့် ဥဩ စစ်ကြောင်းတို့မှ သွားရောက်ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
[Khit Thit Media][Z-F]

Read More
https://te.legra.ph/Z-Fighter-05-15-13

#Adm_3
#KhitThitMedia
#z_fighter

https://t.me/zfighternews
830 viewsedited  05:30
Открыть/Комментировать