Получи случайную криптовалюту за регистрацию!

Z Fighter News [⌨︎]

Логотип телеграм канала @zfighternews — Z Fighter News [⌨︎] Z
Логотип телеграм канала @zfighternews — Z Fighter News [⌨︎]
Адрес канала: @zfighternews
Категории: Без категории
Язык: Русский
Количество подписчиков: 21.72K
Описание канала:

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑
→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews

Рейтинги и Отзывы

3.00

2 отзыва

Оценить канал zfighternews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

1

4 звезд

0

3 звезд

0

2 звезд

0

1 звезд

1


Последние сообщения 5

2023-05-18 19:49:17
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၄ ဦး tayဆုံး

Z Fighter May 18

မြန်မာနိုင်ငံတစ်ဝန်း မေလ ၁၈ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၄ ဦး tayဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား tayဆုံးမှု စာရင်းများကို ထုတ်ပြန်ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက်များကို စုစည်းဖော်ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ tayဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
[ Khit Thit Media ][ Z-F ]

#Adm_8
#KhitThitMedia
#z_fighter

https://t.me/zfighternews
89 viewsedited  16:49
Открыть/Комментировать
2023-05-18 19:40:48
မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက tayဒဏ်များ ချမှတ်

Z Fighter May 18

ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရဲများ ပစ်ခတ်ခံရမှုအတွက် စွပ်စွဲခံရသူများကို tayဒဏ်နှင့် တစ်သက်တစ်ကျွန်းထောင်ဒဏ်များ ယနေ့ (မေ ၁၈) တွင် ချမှတ်လိုက်ကြောင်း သိရသည်။
[ Myanmar Now ][ Z-F ]

Read more >>>
https://te.legra.ph/Z-Fighter-05-18-51

ပုံစာ - ၂၀၂၁ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ရန်ကုန်မြို့ပြည်သူများကို ဖြိုခွဲရန် အသင့်ရှိနေသည့် ရဲများကို တွေ့ရစဉ်။

#Adm_8
#MyanmarNow
#z_fighter

https://t.me/zfighternews
175 viewsedited  16:40
Открыть/Комментировать
2023-05-18 19:14:21
နတ်နေကိုင်း ထိုင်းတော်ဝင်မိသားစုကို စိန်ခေါ်လာတဲ့ ထိုင်းရွေးကောက်ပွဲ ရလဒ်များ

Z Fighter May 18

လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်ဆီ နောက်ကြောင်းပြန်လှည့်ကြည့်မယ်ဆိုရင် တော်ဝင်မိသားစု ဆိုတာက ထိုင်းနိုင်ငံမှာ နည်းနည်းလေးတောင် အထိပါး မခံနိုင်တဲ့ နတ်နေကိုင်းမျိုး ဖြစ်နေခဲ့တာကို အမှတ်ရကြပါလိမ့်မယ်။ ဒါပေမဲ့ မေလ ၁၄ ရက်နေ့ ညပိုင်းမှာတော့ အခြေအနေတွေက လက်တွေ့ကျကျ ပြောင်းလဲလာနေပြီ ဆိုတာကို ထင်ရှား မြင်သာစေခဲ့ပါတယ်။[ People's Spring ][ Z-F ]

Read more >>>
https://telegra.ph/Z-Fighter-05-18-50

Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat (Reuters)

#Adm_8
#People'sSpring
#z_fighter

https://t.me/zfighternews
359 viewsedited  16:14
Открыть/Комментировать
2023-05-18 18:57:25
မေ ၁၈ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

Z Fighter May 17

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ခွရွာရှိ ပျူစောထီးစခန်းအနီး၌ လုံခြုံရေး ယူထားသော စစ်သားများကို ဝင်ရောက် တိုက်|ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၈ ဦး tayဆုံးခဲ့ကြောင်း မြိုင်ပကဖကဆိုပါတယ်။ ယမန်နေ့ မေလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က မြိုင်မြို့နယ်၊ သရက်ခွပျူစောထီးစခန်း၏ မြောက်ဖက် ဂိတ်တွင် လုံခြုံရေးယူနေသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးမျက်မြင်tayဆုံးပြီး ထပ်မံစုံစမ်းချက်အရ ၈ ဦး tayဆုံးသည်ကိုအတည်ပြုနိုင်ခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားတာပါ။
[ Public Voice Television ][ Z-F ]

Read more >>>
https://te.legra.ph/Z-Fighter-05-18-49

#Adm_8
#PublicVoiceTelevision
#z_fighter

https://t.me/zfighternews
445 viewsedited  15:57
Открыть/Комментировать
2023-05-18 18:53:02
ရန်ကုန်နှင့် မန္တလေးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Z Fighter May 18

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ယနေ့ ညပိုင်း၌ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မေလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မှော်ဘီမြို့နယ်၊ ပြည်လမ်း မြို့ချောင်း အနီးရှိ အကြမ်းဖက် စစ်တပ် ဂိတ်နှင့် GTC အနီးတစ်ဝိုက်တွင် စစ်သားများ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။
[Khit Thit Media][Z-F]
Photo - ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က လမ်းမတော်မြို့နယ်ရှိ ယာဥ်ထိန်းရုံး အနီး ပေါက်ကွဲမှု ဖြစ်ပွားစဥ်

https://te.legra.ph/Z-F-074-CR-05-18-3

#Adm_10
#Khit Thit Media
#z_fighter
429 viewsedited  15:53
Открыть/Комментировать
2023-05-18 18:48:34
မုံရွာမြို့တွင် အိမ်စီးကားတစ်စီးအား စစ်ကောင်စီတပ်က ပစ်ခတ်၊ ယာဥ်မောင်းအား ဖမ်းဆီးရိုက်နှက်

Z Fighter May 18

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အိမ်စီးကားတစ်စီးမောင်းနှင်လာစဥ် ကားမှန်မချ၍ဟုဆိုကာ စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ်ကာ ယာဥ်မောင်းအား ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မေလ ၁၈ ရက်) နံနက် ၁၁ နာရီဝန်းကျင်က မုံရွာမြို့၊ ကျောက္ကာလမ်းရှိ My Tel ရုံး၌ လုံခြုံရေးချထားသော စစ်သားနှင့်ရဲများက အိမ်စီးကား အနက်ရောင် SURF ကားတစ်စီးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးကာ ပြန်လှည့်ခိုင်းခဲ့ကြောင်း၊ ထို့နောက် ယာဥ်မောင်းအား My Tel ရုံး၌ ခေါ်ယူရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
[People's Spring][Z-F]
(စစ်ကောင်စီတပ်သားများရှိရာ မုံရွာမြို့ရှိ My Tel ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - မုံရွာရပ်ကွက် ကင်းထောက်များ)

https://te.legra.ph/Z-F-074-CR-05-18-2

#Adm_10
#People's Spring
#z_fighter

https://t.me/zfighternews
421 viewsedited  15:48
Открыть/Комментировать
2023-05-18 18:43:12
ဟင်္သာတမြို့ မိီးရထားတိုင်းအရာရှိ နေအိမ်ခြံရှေ့ ဗုံးပေါက်ကွဲ

Z Fighter May 18

ဧရာ၀တီတိုင်း ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ အရာရှိရိပ်သာလမ်းပေါ်မှာ မေလ ၁၈ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်နား ဗုံးတွေ့တာကြောင့် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေစဥ် အနီးကမီးရထားအရာရှိ ခြံဝန်းရှေ့မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။
[Ayeyarwaddy Times][Z-F]

https://te.legra.ph/Z-F-074-CR-05-18

#Adm_10
#Ayeyarwaddy Times
#z_fighter

https://t.me/zfighternews
412 viewsedited  15:43
Открыть/Комментировать
2023-05-18 18:14:31
အရပ်ဝတ်နဲ့ သေနတ်ကိုင်သူ လူတစ်စုက လားရှိုးမြို့ ရပ်ကွက် ၁၁ ထဲက နေအိမ်ကို နေ့ခင်းမှာ ဓားပြဝင်တိုက်၊ သိန်း ၂၀၀ ကျော်ပါသွား

Z Fighter May 18

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၁၁ မှာ နေအိမ်ထဲအထိ ဓားပြ ဝင်တိုက်ခံရပြီး သိန်း ၂၀၀ ကျော် ပါသွားတယ်လို့ ဓားပြတိုက်ခံရတဲ့ မိသားစုဝင်က ပြောပါတယ်။

ဒီနေ့ မေလ ၁၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အမျိုးသား ၄ ဦးက နေအိမ်ထဲအထိဝင်ပြီး သေနတ်နဲ့ထောက်ကာ အိမ်ထဲမှာရှိတဲ့ တန်ဖိုးရှိပစ္စည်းတွေ အကုန်ယူသွားတယ်လို့ ဆိုပါတယ်။ [ Shwe Phee Myay News Agency ] [ Z-F ]

ဓာတ်ပုံ- SHNH

ဆက်လက်ဖတ်ရှုရန် - https://te.legra.ph/Z-F-020-05-18-12

#Adm_4
#ShwePheeMyayNewsAgency
#z_fighter

https://t.me/zfighternews
619 viewsedited  15:14
Открыть/Комментировать
2023-05-18 17:50:29
သံဖြူဇရပ်မှာ အရပ်သားနှစ်ဦးပစ်ခတ်ခံရပြီး တဦးသေဆုံး

Z Fighter May 18

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာမှာ ဒီကနေ့ မေ ၁၈ ရက် နံနက်ပိုင်းမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားနှစ်ဦး သေနတ်ပစ်ခတ်ခံရတာကြောင့် တဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ ရွာကပဲ ပစ်ခံရတာက အနင်းရွာကလူပဲ၊ သူတို့နှစ်ယောက်က ဆိုင်ကယ်နဲ့လာတာ အဲမှာ လမ်းမှာပဲ သေနတ်တွေ ကိုင်ထားတဲ့ လူတွေက ရပ်ခိုင်းတာကို မရပ်လို့ဆိုပြီး ပစ်လိုက်တာပဲ၊ တယောက်က အဲမှာပဲ သေတယ်လို့ ပြောတယ်၊ တယောက်က ခြေထောက်မှာ ဒဏ်ရာနဲ့ ပြေးသွားတယ်တဲ့။ ရွာကပဲ သိတာပေါ့၊ သာမန်အရပ်သားတွေပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။ [ Delta News Agency ] [ Z-F ]

ဓာတ်ပုံ - Social Media

ဆက်လက်ဖတ်ရှုရန် - https://te.legra.ph/Z-F-020-05-18-11

#Adm_4
#DeltaNewsAgency
#z_fighter

https://t.me/zfighternews
724 viewsedited  14:50
Открыть/Комментировать
2023-05-18 17:25:05
မန္တလေးက နာမည်ကြီးပုဂ္ဂလိကဆေးရုံသုံးရုံကို စစ်ကောင်စီလိုင်စင်ပိတ်သိမ်း

Z Fighter May 18

မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိကဆေးရုံ ၃ ရုံဖြစ်တဲ့ နန်းတော်၊ မြို့တော်နဲ့ ကံ့ကော် ဆေးရုံတွေကို လုပ်ငန်းလိုင်စင် အပြီးရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာပါတယ်။

အဲ့ဒီဆေးရုံ၃ရုံမှာ CDM တွေ ခန့်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့လေးလခန့်ကတည်းက စစ်ကောင်စီက ယာယီပိတ်သိမ်းခိုင်းထားတာဖြစ်ပြီး အခုလ ၁၅ ရက်မှာတော့ လိုင်စင်ပိတ်သိမ်းကြောင်း ကြေညာလိုက်တာပါ။ [ Burma VJ ] [ Z-F ]

ဓါတ်ပုံ-စစ်ကောင်စီလိုင်စင်ပိတ်သိမ်းလိုက်သည့် ပုဂ္ဂလိကဆေးရုံများ

ဆက်လက်ဖတ်ရှုရန် - https://te.legra.ph/Z-F-020-05-18-10

#Adm_4
#BurmeVJ
#z_fighter

https://t.me/zfighternews
803 viewsedited  14:25
Открыть/Комментировать