Получи случайную криптовалюту за регистрацию!

Z Fighter News [⌨︎]

Логотип телеграм канала @zfighternews — Z Fighter News [⌨︎] Z
Логотип телеграм канала @zfighternews — Z Fighter News [⌨︎]
Адрес канала: @zfighternews
Категории: Без категории
Язык: Русский
Количество подписчиков: 21.90K
Описание канала:

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑
→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews

Рейтинги и Отзывы

3.00

2 отзыва

Оценить канал zfighternews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

1

4 звезд

0

3 звезд

0

2 звезд

0

1 звезд

1


Последние сообщения 13

2023-05-02 07:04:42
မကောင်းမှု မှန်သမျှ လုပ်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်မှာ စစ်ခွေးအခေါ်မခံဘဲ ပြည်သူ့ဘက် ပူးပေါင်းကြ ဖို့ CNDF တပ်မှူး တိုက်တွန်း

Z Fighter May 02

မကောင်းမှုမှန်သမျှ ၊ မတရားမှု မှန်သမျှ အကုန်လုပ်ဆောင်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ မနေတော့ဘဲ ပြည်သူ့ဘက် ပူးပေါင်းကြဖို့ ချင်းအမျိုးသား ကာကွယ်ရေးတပ်(CNDF) Project Team Leader မဟာဗျူဟာမှူး ဒီဒီက တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးtayဆုံးပြီး ၁၁ဦး အရှင်ဖမ်းမိခဲ့တဲ့ ဖလမ်းမြို့နယ် ဗားရ်စခန်းသိမ်းတိုက်ပွဲ အတွက် ပြင်ဆင်ခဲ့မှုကို CNDF တပ်မှူး ဒီဒီက ပြောပြရာမှာ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ တပ်မှူး ဒီဒီဟာ သူကိုယ်တိုင် CDM တစ်ဦးဖြစ်တယ်လို့လည်း အသိပေးပါတယ်။[PVTV News][Z_F]

Read more>>
https://te.legra.ph/Z-Fighter-05-02-18
https://te.legra.ph/Z-Fighter-05-02-19

#Adm_1
#z_fighter

https://t.me/zfighternews
61 viewsedited  04:04
Открыть/Комментировать
2023-05-02 06:52:01
ဒီပဲယင်းနှင့်ရေဦးနယ်စပ် စစ်တပ်စစ်ကြောင်းထိုးမီးရှို့နေ၍ ​ကျေးရွာ ၂၀ ခန့်မှ ပြည်သူ ၅၀၀၀ ​ကျော်ထွက်​ပြေး​နေရ

Z Fighter May 02

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းနှင့်ရေဦးနယ်စပ် ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်သားအင်အား ၈၀ ခန့်ပါ​သောစစ်​ကြောင်းကမေလ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရေဦးနယ် မုတ်ဆီကျေးရွာမှတဆင့် ရေဦး၊ ဒီပဲယင်းနယ်စပ် ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်းကျေးရွာများတဝိုက်သို့ စစ်ကြောင်းထိုးလာခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။[People's Spring][Z_F]

(ရေဦးနှင့် ဒီပဲယင်းအရှေ့ခြမ်း ၂မြို့နယ်စပ်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး)

Read more>> https://te.legra.ph/Z-Fighter-05-02-17

#Adm_1
#z_fighter

https://t.me/zfighternews
153 viewsedited  03:52
Открыть/Комментировать
2023-05-02 06:48:01
ချမ်းမြသာစည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး၏ ပစ်ခတ်မှုကြောင့် အသက် ၂ နှစ် ၈ လအရွယ် ကလေး တစ်ဦး နားထင်ထိမှန်tayဆုံးပြီး မိသားစုဝင်များဒဏ်ရာရ

ကလေးငယ်ကို ပစ်ခတ်သော ရာအိမ်မှူးကို ရဲက အရေးယူခြင်းမရှိ

Z Fighter May 02

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် ၈၆၇ တွင် ရာအိမ်မှူး ပျူခေါင်း ဆောင် ဝင်းဇော်၏ ပစ်ခတ်မှုကြောင့် အသက် ၂ နှစ် ၈ အရွယ် မောင်ဘုန်းထက်မြတ် tayဆုံးပြီး ကလေး ၏ အဒေါ်နှင့်ခင်ပွန်းဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၅ ရက် ည ၁၁ နာရီခန့်က ရာအိမ်မှူးပျူခေါင်းဆောင် ဝင်းဇော်မှ အကြွေး တောင်းရင်း စကား များရာ ဂန်ရွာနေ ထောင်ထွက် သတင်းပေးမျိုးမင်းထွန်း၏ တပည့်ဖြစ်သူမှ ဝင်ရောက်ပြောဆိုသဖြင့် ၎င်းကို သေနတ်ဖြင့် ပစ်ခတ်ရာ လမ်းလျှောက်လေညှင်းခံထွက်နေသူ မောင်ဘုန်းထက်မြတ်၊ အဒေါ်ဖြစ် သူတို့လင်းမယားကို ထိမှန်ပြီး မောင်ဘုန်းထက်မြတ်တွင် နားထင်ထိမှန်tayဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။[Khit Thit Media][Z_F]

Read more>> https://te.legra.ph/Z-Fighter-05-02-15

#Adm_1
#z_fighter

https://t.me/zfighternews
162 viewsedited  03:48
Открыть/Комментировать
2023-05-02 06:43:01
ယင်းမာပင် မြောက်ခြမ်း သပိတ် အင်အားစုများက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

Z Fighter May 02

ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ မေလ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။[Khit Thit Media][Z_F]

#Adm_1
#z_fighter

https://t.me/zfighternews
165 viewsedited  03:43
Открыть/Комментировать
2023-05-02 06:38:06
အမရပူရ ရဲစခန်း ဒရုန်းနဲ့ဗုံးချခံရပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

Z Fighter May 02

မန္တလေးမြို့၊ အမရပူရမြို့မရဲစခန်း မနေ့ မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်တာခံလိုက်ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီကသိရပါတယ်။

စစ်ကိုင်း − မန္တလေး ကားလမ်းဘေးမှာရှိတဲ့ အမရပူရရဲစခန်းကို မေလ ၁ ရက် မနက် ၆ နာရီမှာ တစ်ကြိမ်၊ မနက် ၁၀ နာရီမှာ တစ်ကြိမ် ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခံရတာပါ။[People's Spring][Z_F]

Read more>> https://te.legra.ph/Z-Fighter-05-02-13

#Adm_1
#z_fighter

https://t.me/zfighternews
227 viewsedited  03:38
Открыть/Комментировать
2023-05-02 06:34:52
ဂန့်ဂေါ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်tayဆုံးမှုများ၊လက်နက် ၁၀လက်၊ကျည်၊ခဲယမ်းများရဟု CNFပြော

Z Fighter May 02

ဂန့်ဂေါ- ဟားခါးလမ်းပိုင်း၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က tayဆုံးထိခိုက်များပြားခဲ့ပြီး လက်နက် ၁၀လက် ရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်မှ ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ အင်အားဖြည့်ရန်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ၏ တပ်မ ၇၇ စစ်ကြောင်းကို ချင်းပူးပေါင်းတပ်ကဆက်တိုက် ကြားဖြတ်တိုက်ခိုက်​နေရာ မေလ ၁ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟုဆိုသည်။[People's Spring][Z_F]

(စစ်တပ် တပ်မ(၇၇) စစ်​ကြောင်းထံမှ ချင်းပူး​ပေါင်းတပ်က ​မေ ၁ ရက်တွင် သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း။ဓါတ်ပုံ-The Chin Journal)

Read more >> https://te.legra.ph/Z-Fighter-05-02-14

#Adm_1
#z_fighter

https://t.me/zfighternews
246 viewsedited  03:34
Открыть/Комментировать
2023-05-02 06:30:07
ရွှေဘိုခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ က ထမင်းကျွေး

Z Fighter May 2

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ က ထမင်းကျွေးနေတဲ့ ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။[PVTV][Z-F]

Read more>>
https://te.legra.ph/Z-Fighter-05-02-10

#Adm_2
#z_fighter

https://t.me/zfighternews
252 viewsedited  03:30
Открыть/Комментировать
2023-05-02 06:13:47
မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့က တော်လှန်ရေးအင်အားစုများနဲ့ပူး‌ပေါင်းပြီး ဆားလင်းကြီးက ပြည်သူတွေအတွက်  ဓါတ်ဆားထုတ်များ လှူဒါန်း

Z Fighter May 2

မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့က စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာ (၂)ရွာမှာရှိတဲ့ ပြည်သူ ၆၀၀ ဦးကို ဓါတ်ဆားထုတ်များ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ [PVTV][Z-F]

Read more>>
https://te.legra.ph/Z-fighter-05-02-9

#Adm_2
#z_fighter

https://t.me/zfighternews
342 viewsedited  03:13
Открыть/Комментировать
2023-05-02 06:06:54
ရေဦး၊ ခင်ဦးနဲ့ ဒီပဲယင်းနယ်ထဲ စစ်အုပ်စု သုံးဖွဲ့ခွဲပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေ၊

Z Fighter May 2

စစ်ကိုင်းတိုင်း ရေဉီး၊ ခင်ဦးနဲ့ ဒီပဲယင်းနယ်ထဲ စစ်အုပ်စု သုံးဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းနေပြီး ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သတင်းရရှီပါတယ်။[Mandalay Free Press][Z-F]

Read more>>
https://te.legra.ph/Z-Fighter-05-02-8

#Adm_2
#z_fighter

https://t.me/zfighternews
321 viewsedited  03:06
Открыть/Комментировать
2023-05-02 05:56:21
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

Z Fighter May 2

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊မ န္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုကို မေ ၂ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။[PVTV][Z-F]

Read more>>
https://te.legra.ph/Z-Fighter-05-02-7

#Adm_2
#z_fighter

https://t.me/zfighternews
357 viewsedited  02:56
Открыть/Комментировать