Получи случайную криптовалюту за регистрацию!

Z Fighter News [⌨︎]

Логотип телеграм канала @zfighternews — Z Fighter News [⌨︎] Z
Логотип телеграм канала @zfighternews — Z Fighter News [⌨︎]
Адрес канала: @zfighternews
Категории: Без категории
Язык: Русский
Количество подписчиков: 21.82K
Описание канала:

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑
→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews

Рейтинги и Отзывы

3.00

2 отзыва

Оценить канал zfighternews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

1

4 звезд

0

3 звезд

0

2 звезд

0

1 звезд

1


Последние сообщения 2

2023-06-07 09:00:01
ဆန်အပါအဝင် စားဖိုဆောင်စားသောက်ကုန်အများစု ဈေးနှုန်းဆက်တိုက်မြင့်တက်နေ

Z Fighter June 07

ပြည်တွင်းဆန်ဈေးနှုန်းများအပါအဝင် စားဖိုဆောင်စားသောက်ကုန်အများစုမှာ သင်္ကြန်ကာလပြီးသည့် အချိန်မှစတင်ကာ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့ပြီး ဇွန်လဆန်းပိုင်းတွင် ဈေးနှုန်းများထပ်မံမြင့်တက်လာကြောင်း ရန်ကုန်မြို့နေပြည်သူ များက ပြောသည်။

“ဈေးတွေကတော့ပြောမနေနဲ့ အကုန်အတက်ချည်းပဲ။ ပြန်ကျတယ်ဆိုတာမရှိဘူး။ ကန်စွန်းရွက်တစ်စီး တောင် ၄၀၀။ ကြက်ဥတစ်လုံး ၂၅၀၊ ၃၀၀။ ကန်စွန်းရွက်တို့ ကြက်ဥတို့ဆိုတာ အရင်ကဆင်းရဲသားစာတွေ။ အခုတော့ ဈေးတွေကခေါင်ခိုက်နေတာပဲ” ဟု မရမ်းကုန်းမြို့နယ်အတွင်းနေထိုင်သည့် အိမ်ရှင်မတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။[Lungekhit][Z_F]

Read more>> https://te.legra.ph/Z-Fighter-06-07-31

#Adm_1
#Lungekhit
#z_fighter

https://t.me/zfighternews
578 viewsedited  06:00
Открыть/Комментировать
2023-06-07 08:55:29
တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီက ရဲဘော်တွေ ရိက္ခာပြတ်လပ်မှု ကြုံနေရ

Z Fighter June 07

ကရင်နီပြည်ရဲ့ တိုက်ပွဲတွေ အများဆုံးဖြစ်နေတဲ့ ဒီးမော့ဆိုမြို့နယ်မှာ အခြေစိုက်တဲ့ KNDF B 01 တပ်ရင်းဟာ ပုံမှန်ထောက်ပံ့မှုတွေ မရလို့ ရဲဘော်တွေအတွက် ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိလည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲပါ။[Than Lwin Khet News][Z_F]

Read more>> https://te.legra.ph/Z-Fighter-06-07-30

#Adm_1
#ThanLwinKhetNews
#z_fighter

https://t.me/zfighternews
572 viewsedited  05:55
Открыть/Комментировать
2023-06-07 08:35:54 ​​လှိုင်သာယာမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်နှင့် အောက်ထိပ်မီးပွိုင်ကြား ဗုံးပေါက်ကွဲမှုများဖြစ်ပွား၊ လှိုင်သာယာမြို့နယ်အား အကြမ်းဖက်စစ်ကောင်စီမှ လုံးဝ အုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း မြေပြင်တိုက်ခိုက်ရေးအင်အားစုမှ သတိပေးနှိုးဆော်

စော်ကြည်ဘီဘီ
Z Fighter ( ဇွန်လ ၇ရက် )

၂၀၂၃ ဇွန်လ ၇ရက် ဒီကနေ့မနက်ပိုင်း ၅နာရီကျော်ခန့်က၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်နှင့် အောက်ထိပ်မီးပွိုင်ကြား ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ဒီကနေ့ မနက် ၅နာရီ ၂၇ မိနစ်တွင် ပထမအကြိမ် ဗုံးပေါက်ကွဲခဲ့ကာ ၅နာရီ ၄၂ မိနစ်၌ ဒုတိယအကြိမ် ဗုံးနှစ်လုံးဆက် ထပ်မံပေါက်ကွဲခဲ့ပြီး ၅နာရီ ၅၂မိနစ်၌ တတိယအကြိမ် ဗုံး၂ လုံးဆက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၇နာရီ ၄၅ မိနစ်နှင့် ၈နာရီ ၂မိနစ် အချိန်ခန့်တွင်လဲ ပေါက်ကွဲမှု နှစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့သေးသည်။

အဆိုပါစစ်ဆင်ရေးအား မြိုပြမြေပြင်တိုက်ခိုက်ရေးအင်အားစုတစ်ခုမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်အား အကြမ်းဖက်စစ်ကောင်စီမှ လုံးဝ အုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း အသိပေးနှိုးဆော်ခဲ့သည်။

#z_fighter
794 viewsedited  05:35
Открыть/Комментировать
2023-06-07 08:31:46
အရာတော်အခြေစိုက် Danger Force LPDF တည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်း အမှတ်ပြုလုပ်၊ တော်လှန်ရေး ဆက်လက်အရှိန်မြှင့် လုပ်ဆောင်မယ်လို့ ကတိပြု

Z Fighter June 07

စစ်ကိုင်းတိုင်း၊ အရာတော်အခြေစိုက် Danger Force LPDF တည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်ကိုပြုလုပ်ခဲ့ပြီး တော်လှန်ရေးဆက်လက်အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ဇွန် ၆ရက်က ကတိပြုထုတ်ပြန်လိုက်ပါတယ်။

Danger Force LPDF က ရဲဘော်တွေ အားလုံးဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ တော်လှန်ရေးလုပ်ငန်းတွေကို Knights Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့အမည်နဲ့စတင်လုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။[PVTV News][Z_F]

Read more>> https://te.legra.ph/Z-Fighter-06-07-29

#Adm_1
#PVTVNews
#z_fighter

https://t.me/zfighternews
583 viewsedited  05:31
Открыть/Комментировать
2023-06-07 08:22:37
ကသာတွင် စစ်တပ်က ဇွန်လဆန်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာ များကို ဆက်တိုက် မီးရှို့၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃ ဦးtayဆုံး၊ ပြည်သူများကို ပေါ်တာဆွဲခြင်းများ စစ်တပ်က လုပ်ဆောင်ခဲ့

Z Fighter June 07

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်တပ်က ဇွန်လဆန်းမှစတင်၍ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့မှုများလုပ်ဆောင်လာကာ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ အတွင်း စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း tayဆုံးကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဇွန်လ ၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက ကသာမြို့နယ်အတွင်း ဝင်ရောက်လာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ နံနက် ၄ နာရီဝန်းကျင် သံပုရွာ အထက်ဘက်တွင် ကသာခရိုင် PDF တရင်း ၁ နှင့်စစ်တပ် စစ်ကြောင်းအကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။[Khit Thit Media][Z_F]

Read more>> https://te.legra.ph/Z-Fighter-06-07-28

#Adm_1
#KhitThitMedia
#z_fighter
587 viewsedited  05:22
Открыть/Комментировать
2023-06-07 08:11:57
ရိုက်နက် thatဖြတ်ခံရသည့် အလောင်း ၂လောင်းတွေ့ရှိ၊ တစ်လောင်းတွင် ဓားပြဟုချိတ်ဆွဲထား

Z Fighter June 7

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်တွင် ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိပြီး တစ်ဦး၏ အလောင်းပေါ်တွင် ဓားပြဟု စာသားချိတ်ထားကြောင်း သိရသည်။

အသက် ၃၀ ဝန်းကျင်ရှိပြီး ရိုက်နက်ထားသည့် ဒဏ်ရာများဖြင့်thay ဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း အနက် တစ်လောင်းကို ဇွန်လ ၆ ရက်နေ့ ညပိုင်းက ဆိပ်မူရွာကျေးရွာ ရွာပတ်လမ်းအနီးတွင်တွေ့ရှိခဲ့ပြီး တစ်ဦး၏ အလောင်းကို ယနေ့ ဇွန် ၇ ရက်နေ့ မနက် ၆ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။“ခုမနက်တွေ့တဲ့ အလောင်းကတော့ လမ်းသွားလမ်းလာတွေက မနက် ၆ နာရီမှာတွေ့တာ ဖားပြင်ဘက်သွားတဲ့လမ်း တိုးနီးယားဆီဆိုင်ရဲ့ တောင်ဘက် ကိုက် ၃၀၀ ဝန်းကျင်အဲ့နားလောက် မှာတွေ့တာ”ဟု အထက်ပါအမျိုးသားကပြောသည်။[Kachin News Group][Z-F]

#Adm_2
#KachinNewsGroup
#z_fighter

https://t.me/zfighternews
632 viewsedited  05:11
Открыть/Комментировать
2023-06-07 08:03:05
ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးthayဆုံး

Z Fighter June 7

စစ်ကိုင်းကိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး thayဆုံးခဲ့ကြောင်း လျှပ်စီးပြောက် ကျားတပ်ဖွဲ့- ဝက်လက်မြို့နယ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၄ ရက် မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲ ထားသော ရှိမ်းမကား ရဲစခန်းကို စနိုက်ပါဖြင့် ချောင်းမြောင်းပြီး အပိုင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး thayဆုံး ပြီး ဇွန်လ ၅ ရက်န့တွင် ရွာသင်္ချိုင်း၌ သင်္ဂြိုလ်လိုက်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားရဲများမှ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။[Khit Thit Media][Z-F]

https://telegra.ph/Z-Fighter-06-07-26

#Adm_2
#KhitThitMedia
#z_fighter

https://t.me/zfighternews
640 viewsedited  05:03
Открыть/Комментировать
2023-06-07 07:59:02
ကိုးကန့်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်thayဆုံး

Z Fighter June 7

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသနဲ့ လားရှိုးတို့မှာ စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်တပ်(MNDAA)တို့ကြား ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော် thayဆုံး ဒဏ်ရာရသူ အများအပြားရှိသလို စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ခဲ့တယ်လို့ ကိုးကန့်မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကိုးကန့်လှုပ်ရှားဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားခဲ့တာပါ။နှစ်ဖက်တိုက်ပွဲဟာ ကိုးကန့်ဘက်က နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်အကောင်းယူပြီး စခန်းတိုးချဲ့တည်ဆောက်လို့ တိုက်ပွဲဖြစ်တာလို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။[Than Lwin Times][Z-F]

ဓာတ်ပုံ- ကိုးကန့်မီဒီယာ

https://telegra.ph/Z-Fighter-06-07-25

#Adm_2
#ThanLwinTimes
#z_fighter

https://t.me/zfighternews
622 viewsedited  04:59
Открыть/Комментировать
2023-06-07 07:44:41
သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာက နေအိမ် ၂ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

Z Fighter June 7

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာက နေအိမ် ၂ လုံးကို အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းက ဇွန် ၆ ရက် မနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဥတ္တူရွာမြောက်ပိုင်း ဘောလုံးကွင်းအနီးက သစ်သားနေအိမ်တလုံး နဲ့ ရွာဘုန်းကြီးကျောင်းအနီးက တိုက်အိမ်တလုံး မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး သစ်သားအိမ်ကတော့ လုံးဝပြာကျပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာ အလိုရှိသူတဦးကို ရှာဖွေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥတ္တူကျေးရွာအတွင်း ရှာဖွေပြီးတဲ့နောက်မှာ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးခဲ့ပြီး အဲဒီစစ်ကြောင်းဟာ တောလမ်းကနေ အရှေ့တောဒေသဘက်ကို သွားတယ်လို့ သိရပါတယ်။ဥတ္တူကျေးရွာအုပ်စုဟာ မြိတ်-ထားဝယ်ကားလမ်းဘေး ကနေ ခွဲဝင်ရပြီး အိမ်ထောင်စု ၆၀၀ ကျော်နဲ့ လူဦးရေ ၂၅၀၀ နီးပါးနေထိုင်တဲ့ ကျေးရွာအုပ်စုတခုဖြစ်ပါတယ်။[DVB][Z-F]

https://telegra.ph/Z-Fighter-06-07-24

#Adm_2
#DVB
#z_fighter
653 viewsedited  04:44
Открыть/Комментировать
2023-06-07 07:36:30
စစ်ကောင်စီကြောင့် thayဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၃၆၂၂ ဦးထိရှိလာ

Z Fighter June 7

မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ပြီး ၂၀၂၃ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ၂၆လ အတွင်း၌ စစ်ကောင်စီတပ်က that ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ ၃၆၂၂ ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPP၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှ ၂၀၂၃ခုနှစ်ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်ထိ AAPPက ကောက်ယူထားခဲ့သည့် စာရင်းများအရ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရသူစုစုပေါင်းဟာ ၂၃၂၇၅ဦးထိရှိနေပြီး ၆၂၉၃ ဦးဟာထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။စစ်ကောင်စီက အပြစ်ဒဏ်ချမှတ်ခဲ့သည့် စာရင်းများတွင်လူ ၁၅၆ ဦးသည် thay ဒဏ်ချမှတ်ခံထားရတယ်လို့လဲ AAPP၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ယင်းအပြင် ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၂၁ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ၄၂ဦးကို မျက်ကွယ် thay ဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။[CJ Platform]Z-F]

ဓာတ်ပုံ -AAPP

https://telegra.ph/Z-Fighter-06-07-23

#Adm_2
#z_fighter

https://t.me/zfighternews
675 viewsedited  04:36
Открыть/Комментировать