Получи случайную криптовалюту за регистрацию!

People Media

Логотип телеграм канала @peoplemedianews — People Media
Актуальные темы из канала:
Peoplemedia
Адрес канала: @peoplemedianews
Категории: Карьера
Язык: Русский
Количество подписчиков: 133.95K
Описание канала:

https://www.peoplemediamyanmar.com/

Рейтинги и Отзывы

1.50

2 отзыва

Оценить канал peoplemedianews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

0

4 звезд

0

3 звезд

0

2 звезд

1

1 звезд

1


Последние сообщения 4

2024-05-07 03:54:53 ကန့်ဘလူမြို့နယ်၊မလည်တိုက်နယ်ကို ယနေ့ နံနက်ပိုင်း၌ KIA/PDF များသည် အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်နေသည်။

#PeopleMedia
20.6K viewsKyaw Soe Oo, 00:54
Открыть/Комментировать
2024-05-06 16:19:53
နတ်မောက် PDFသည် ပျော်ဘွယ်-နတ်မောက် လမ်းပိုင်းပေါ်သို့ တက်ရောက်ပြီး ဆက်ကြေးကောက်ခြင်း၊ပြန်ပေးဆွဲခြင်းများ ပြုလုပ်နေသည့် မြင်ကွင်း

#PeopleMedia
32.0K viewsKyaw Soe Oo, 13:19
Открыть/Комментировать
2024-05-06 15:58:50 အင်ဂျန်းယန်မြို့နယ် နလော့၊ ဇန်နောင် မေခမြစ်ကမ်းတစ်လျောက်တွင် KIA/ KIO လက်နက်ကိုင်အဖွဲ့မှ စက်ယန္တရားကြီးများဖြင့် အကြီးစား ရွှေတူးဖော်မှုများပြုလုပ်လာ

မြစ်ကြီးနား၊မေ -၆ (၂၀၂၄)

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ နလော့ကျေးရွာနှင့် ဇန်နောင်ကျေးရွာအနီးရှိ မေခမြစ်ကမ်းဘေးတစ်လျောက်တွင် KIA/ KIO လက်နက်ကိုင်အဖွဲ့အစည်းမှ စက်ယန္တရားကြီးများဖြင့် အကြီးစား ရွှေတူးဖော်မှုများကို ဧပြီလအတွင်းကစ၍ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ချီဖွေမြို့နှင့် ငါးမိုင်ခန့်အကွာ မေခမြစ်တစ်ဖက်ကမ်း နလော့၊ ဇန်နောင်ကျေးရွာတို့တွင် KIA/ KIO လက်နက်ကိုင်အဖွဲ့အစည်းက ဦးစီး၍ နေ့၊ ညမပြတ် စက်ယန္တရားကြီးများဖြင့် အကြီးစား ရွှေတူးဖော်ခြင်းတို့ကို ပြီးခဲ့သည့် ဧပြီလအတွင်းက စတင်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

" ဒီနှစ် ဧပြီလဆန်းပိုင်းကနေ စပြီး ချီဖွေမြို့ရဲ့ တစ်ဖက်ကမ်း နလော့ရွာနဲ့ ဇန်နောင်ရွာဘက်တွေမှာ အကြီးစား ရွှေတူးဖော်တာတွေ လုပ်နေကြတယ်။ KIA က ဦးစီးပြီးတော့ လုပ်နေတာ ဟုတ်တယ်။ ဘယ်သူမှ မတားရဲဘူး။ ‌မြစ်၊ ချောင်းတစ်လျှောက်မှာလည်း အကုန်ပျက်စီးကုန်ပြီ။ မိုးရာသီ ရောက်လာရင်တော့ ဒေသခံပြည်သူတွေ ဒုက္ခရောက်ကြတော့မယ် " ဟု အမည်မဖော်လိုသူ ဒေသခံများက ပြောပြသည်။

အင်ဂျန်းယန်မြို့နယ် အတွင်းရှိ တပ်မတော်စခန်းများမှ KIA/ KIO လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ နောက်ဆုတ်ပေးခဲ့သည့်အတွက် လက်ရှိအချိန်တွင် KIA/ KIO အဖွဲ့သည် ၎င်းတို့၏ နယ်မြေအဖြစ် သတ်မှတ်ကာ ဒေသခံပြည်သူများ‌ကို လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေသည့်အပြင် စစ်သင်တန်းကျောင်းကိုလည်း ဖွင့်လှစ်သင်ကြားနေပြီး၊ ၎င်းတို့၏ တပ်မဟာစခန်း အထိုင်ချရန် စီစဉ်လျက်ရှိကြောင်း ခိုင်လုံသည့် ဒေသခံ သတင်းရင်းမြစ်ကဆိုသည်။

" အဲ့ဒီနယ်မြေက သူတို့ရဲ့ ဒုတိယလိုင်ဇာလို သဘောထားလာတယ်။ တူးဖော်မှုတွေကို အကြီးအကျယ်လုပ်နေတယ်။ စစ်သင်တန်းကျောင်းတွေ ဖွင့်လာတယ်။ သယံဇာတ တူးဖော်လို့ရတဲ့ ငွေတွေ၊ ဆက်ကြေးကောက်လို့ရတဲ့ ငွေတွေနဲ့ လက်နက်ခဲယမ်း စုဆောင်းတာတွေ လုပ်နေကြတယ်။ ပြီးတော့ KIO/ KIA အစိုးရပိုင် နယ်မြေပုံစံ ပုံဖော်လုပ်ဆောင်တာတွေ ရှိနေတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ အင်ဂျန်းယန်မြို့နယ်အား သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက တင်းတင်းကြပ်ကြပ် ကန့်ကွက်တားမြစ်ခြင်းမျိုး မပြုလုပ်ပါက KIO/ KIA လက်နက်ကိုင်အဖွဲ့သည် ချီဖွေ-မြစ်ကြီးနား သွားလမ်းအား ထိန်းချုပ်လာနိုင်ဖွယ်ရှိပြီး၊ လက်ရှိအစိုးရ ယန္တရားလည်ပတ်မှုလုပ်ငန်းကိစ္စရပ်များအား အဖျက်အမှောက် ကြီးကြီးမားမား ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ချီဖွေမြို့နေသူ ရပ်မိ၊ ရပ်ဖ ဒေသခံများက သုံးသပ် ပြောဆိုသည်။

အလားတူ KIO/ KIA လက်နက်ကိုင်အဖွဲ့သည် ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သည့် ကံပိုင်တည်၊ ချီဖွေ၊ ဖီမော်၊ ဆော့လော်၊ ဖရဲ စသည့် ဒေသတို့တွင်လည်း တပ်စခန်းချ၍ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း ကဏ္ဍများကိုလည်း ယခုနှစ်ပိုင်းအတွင်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြောင်း သိရသည်။

#PeopleMedia
31.6K viewsKyaw Soe Oo, 12:58
Открыть/Комментировать
2024-05-06 15:57:19
28.2K viewsKyaw Soe Oo, 12:57
Открыть/Комментировать
2024-05-06 15:56:02 ပန်ဝါမြို့အနီးရှိ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်စခန်းအား KIA/PDF ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်လျက်ရှိ

မြစ်ကြီးနား၊ မေ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ အနီးရှိ ဇုတ်လန်ချောင်းဖျားတွင်ရှိသော အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်စခန်းအား KIA/PDF ပူးပေါင်းအဖွဲ့တို့က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

ပန်ဝါမြို့ ဇုတ်လန်ရွာနှင့် (၃)မိုင်အကွာရှိ ဇုတ်လန်ချောင်းဖျားတွင် တည်ရှိသည့် အမှတ် (၁၀၀၂) နယ်ခြားစောင့် တပ်စခန်းအား KIA/PDF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခြင်း ပြုလုပ်လာ၍ နယ်ခြားစောင့်တပ်၊ ဒေသပြည်သူ့စစ် တပ်ဖွဲ့နှင့် တပ်မတော်တို့ စုပေါင်း၍ ပြန်လည် တိုက်ခိုက်လျက်ရှိသောကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။

" ဒီကနေ့ မနက်ထဲက သေနတ်သံတွေ ကြားနေရတယ်။ နယ်ခြား(၁၀၀၂)စခန်းကို လာလုံးတာ။ အဲ့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ပြည်သူ့စစ် အဖွဲ့လည်းရှိတယ်။ စစ်တပ်လည်းရှိတယ်။ ညနေ ၅ နာရီလောက်ထိ ကို တိုက်ပွဲဖြစ်နေတုန်းပဲ " ဟု ယင်းဒေသခံတစ်ဦးက ပြောသည်။

KIA/PDF ပူးပေါင်းအဖွဲ့တို့သည် ကချင်အထူးဒေသ (၁)နယ်မြေအတွင်း ဝင်ရောက်လာကာ နယ်ခြားစောင့်၊ ပြည်သူ့စစ်တပ်စခန်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်လာခြင်းကြောင့် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း လန်းယန်၊ ဆော့လော်၊ မျှောဂျောင် စသည့် ဒေသဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံပြည်သူ တစ်ရာကျော် ချန်းမောခုန်း ဒေသသဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

ကချင်အထူးဒေသ(၁) ပြည်သူများအနေဖြင့် KIO/KIA ဗဟိုဌာနချုပ်သို့ ဒေသခံတို့၏သဘောဆန္ဒတို့အား လက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ကြသော်လည်း KIA တို့သည် တိုင်းရင်းသားအချင်းချင်း ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းအပြင် ကချင်ပြည်နယ်အတွင်းက တပ်မတော်စခန်းကုန်းများကိုလည်း KIA/PDF ပူးပေါင်းအဖွဲ့တို့မှ လူအင်အား၊ လက်နက်အင်အား အလုံးအရင်းအသုံးပြု၍ ဝိုင်းမော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်တို့ရှိ တပ်မတော်စခန်း၊ ပြည်သူ့စစ်တပ်ဖွဲ့ တပ်စခန်းများအား တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#PeopleMedia
28.0K viewsKyaw Soe Oo, 12:56
Открыть/Комментировать
2024-05-06 15:55:28
26.2K viewsKyaw Soe Oo, 12:55
Открыть/Комментировать
2024-05-04 18:35:40
မင်းကွန်းတစ်ကြော၌ လှုပ်ရှားနိုင်ကြောင်း စစ်သွေးကြွ ဇေယျာလင်းက ၎င်း၏ FB အကောင့်၌ ပြောဆိုထားသည်။

#PeopleMedia
18.1K viewsKyaw Soe Oo, 15:35
Открыть/Комментировать
2024-05-04 17:26:15
နိုင်ငံဝန်ထမ်းများ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ပြည်ပ လက်ကိုင်တုတ် ကျွန်သပေါက် မီဒီယာများ၏ ရေးသားမှုသည် သတင်းအမှားသာဖြစ်သည်။

#PeopleMedia
31.4K viewsKyaw Soe Oo, 14:26
Открыть/Комментировать
2024-05-04 16:27:01
မြဝတီမြို့နယ်နဲ့ နဲ့ရွှေကုက္ကို ဒေသ၌ Online လုပ်ငန်းလုပ်နေသော တရုတ်နိုင်ငံသားများ နှင့် ပြည်ပနိုင်ငံသားများ ၆လအတွင်း ထွက်ခွာရန် BGF အမိန့်ထုတ်

#PeopleMedia
26.5K viewsKyaw Soe Oo, 13:27
Открыть/Комментировать
2024-05-04 14:45:16 ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ဂဂမ်စခန်း ကို KIA /PDF အဖွဲ့များ မှ အင်အားအလုံးအရင်းဖြင့် ထပ်မံ ထိုးစစ်တင်ရန် အင်အားထပ်မံ ဖြည့်တင်းလျက် ရှိနေသည်။


အဆိုပါ စခန်းကို KIA / PDF က ထိုးစစ်ဆင်မှုမှာ ၄ရက် တိုင်လာခဲ့ပြီ ဖြစ်ပါသည်။

#PeopleMedia
28.6K viewsKyaw Soe Oo, 11:45
Открыть/Комментировать