Получи случайную криптовалюту за регистрацию!

ပန်ဝါမြို့အနီးရှိ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်စခန်းအား KIA/PD | People Media

ပန်ဝါမြို့အနီးရှိ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်စခန်းအား KIA/PDF ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်၊ တိုက်ပွဲပြင်းထန်လျက်ရှိ

မြစ်ကြီးနား၊ မေ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ အနီးရှိ ဇုတ်လန်ချောင်းဖျားတွင်ရှိသော အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်စခန်းအား KIA/PDF ပူးပေါင်းအဖွဲ့တို့က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

ပန်ဝါမြို့ ဇုတ်လန်ရွာနှင့် (၃)မိုင်အကွာရှိ ဇုတ်လန်ချောင်းဖျားတွင် တည်ရှိသည့် အမှတ် (၁၀၀၂) နယ်ခြားစောင့် တပ်စခန်းအား KIA/PDF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခြင်း ပြုလုပ်လာ၍ နယ်ခြားစောင့်တပ်၊ ဒေသပြည်သူ့စစ် တပ်ဖွဲ့နှင့် တပ်မတော်တို့ စုပေါင်း၍ ပြန်လည် တိုက်ခိုက်လျက်ရှိသောကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။

" ဒီကနေ့ မနက်ထဲက သေနတ်သံတွေ ကြားနေရတယ်။ နယ်ခြား(၁၀၀၂)စခန်းကို လာလုံးတာ။ အဲ့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ပြည်သူ့စစ် အဖွဲ့လည်းရှိတယ်။ စစ်တပ်လည်းရှိတယ်။ ညနေ ၅ နာရီလောက်ထိ ကို တိုက်ပွဲဖြစ်နေတုန်းပဲ " ဟု ယင်းဒေသခံတစ်ဦးက ပြောသည်။

KIA/PDF ပူးပေါင်းအဖွဲ့တို့သည် ကချင်အထူးဒေသ (၁)နယ်မြေအတွင်း ဝင်ရောက်လာကာ နယ်ခြားစောင့်၊ ပြည်သူ့စစ်တပ်စခန်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်လာခြင်းကြောင့် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း လန်းယန်၊ ဆော့လော်၊ မျှောဂျောင် စသည့် ဒေသဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံပြည်သူ တစ်ရာကျော် ချန်းမောခုန်း ဒေသသဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

ကချင်အထူးဒေသ(၁) ပြည်သူများအနေဖြင့် KIO/KIA ဗဟိုဌာနချုပ်သို့ ဒေသခံတို့၏သဘောဆန္ဒတို့အား လက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ကြသော်လည်း KIA တို့သည် တိုင်းရင်းသားအချင်းချင်း ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းအပြင် ကချင်ပြည်နယ်အတွင်းက တပ်မတော်စခန်းကုန်းများကိုလည်း KIA/PDF ပူးပေါင်းအဖွဲ့တို့မှ လူအင်အား၊ လက်နက်အင်အား အလုံးအရင်းအသုံးပြု၍ ဝိုင်းမော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်တို့ရှိ တပ်မတော်စခန်း၊ ပြည်သူ့စစ်တပ်ဖွဲ့ တပ်စခန်းများအား တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#PeopleMedia