Получи случайную криптовалюту за регистрацию!

People Media

Логотип телеграм канала @peoplemedianews — People Media
Актуальные темы из канала:
Peoplemedia
Адрес канала: @peoplemedianews
Категории: Карьера
Язык: Русский
Количество подписчиков: 140.58K
Описание канала:

https://www.peoplemediamyanmar.com/

Рейтинги и Отзывы

1.50

2 отзыва

Оценить канал peoplemedianews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

0

4 звезд

0

3 звезд

0

2 звезд

1

1 звезд

1


Последние сообщения 78

2023-07-04 10:38:35 ဟုမ္မလင်းမြို့တွင် အမျိုးသားတစ်ဦးဆီမှ တရားမဝင်သယ်ဆောင်လာသည့် ခဲယမ်းများသိမ်းဆည်းရမိ
………………………………………..

နေပြည်တော်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ ဟုမ္မလင်းလေဆိပ်အနီး ဟုမ္မလင်း-ခေါင်ခမ်းသွားကားလမ်းပေါ်တွင် အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်ထဲတွင် တရားမဝင်သယ်ဆောင်လာသည့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက် ညနေ ၄:၃၀ အချိန်တွင် ဟုမ္မလင်း-ခေါင်ခမ်းသွားကားလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးမှု များဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်ထဲ၌ တရားမဝင်သည်ဆောင်လာသည့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ထိုအမျိုးသားမှာ မန္တလေးမြို့သို့ ထွက်ခွာမည်လေယျာဉ်ဖြင့် လိုက်ပါမည့် လင်းလင်းအောင်(ခ)အဲလင်းအောင် ဖြစ်ကြောင်း၊ ၎င်း၏ကျောပိုးအိတ်ထဲတွင် တရားမဝင်သယ်ဆောင်လာသည့် ၅.၅၆ ကျည်အမျိုးအစား ကျည်ခွံ (၁) ခုအားတွေ့ရှိခဲ့ကြောင်း သိရသည်။

Photo – Credit

#PeopleMedia
2.1K viewsZ 10, 07:38
Открыть/Комментировать
2023-07-04 10:24:35
3.0K viewsZ 10, 07:24
Открыть/Комментировать
2023-07-04 10:24:24 Storm Shadow ဒုံးကျည်တွေကို အစားထိုးဖြည့်တင်းရေး အစ္စရေးထုတ် Rampage ဒုံးကျည်တွေဝယ်ယူဖို့ ဗြိတိန် စဉ်းစားနေ
………………………………………..

နိုင်ငံတကာ၊ ဇူလိုင် ၄

ဗြိတိန်နိုင်ငံဟာ ယူကရိန်းကို ထောက်ပံ့ပေးလိုက်တဲ့ ၎င်းတို့ရဲ့ Storm Shadow ခရုစ်ဒုံးကျည်တွေနေရာမှာ ပြန်လည်အစားထိုးဖြည့်တင်းဖို့အတွက် အစ္စရေးထုတ် Rampage ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေကို ဝယ်ယူ ဖို့ စဉ်းစားနေကြောင်း The Defense Post မှာ ရေးသားထားပါတယ်။

တော်ဝင်လေတပ်ကအရာရှိတွေ၊ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးနဲ့ ထောက်ပံ့ရေးဌာနက ပညာရှင်တွေပါဝင် တဲ့ ဗြိတိန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ဝယ်ယူမယ့်စစ်လက်နက်ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် အစ္စရေးနိုင် ငံကို မကြာသေးခင်က ထွက်ခွာသွားကြကြောင်း The National ဝက်ဆိုက်မှာရေးသားဖော်ပြထားပါတယ်။

အဲဒီအစ္စရေးထုတ်ဒုံးကျည်တွေဟာ F-35 ဂျက်တိုက်လေယာဉ်တွေ အတွင်းပိုင်းမှာတပ်ဆင်ဖို့ ရှည်လျားလွန်း တာကြောင့် အဲဒီဒုံးကျည်တွေကို တိုင်ဖွန်းဂျက်တိုက်လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုသွားဖို့ ဗြိတိန်နိုင်ငံက စဉ်းစားနေတာဖြစ်ပါတယ်။

အစ္စရေးထုတ် Rampage ဒုံးကျည်တွေဟာ ဗြိတိန်ထုတ် Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရေးစွမ်း ရည်နဲ့ ဖောက်ထွင်းအား အတူတူပဲဖြစ်တာကြောင့် အဲဒီ ဝေဟင်-မြေပြင်ပစ်ဒုံးကျည်တွေကို အသုံးပြုဖို့ ဗြိတိန် နိုင်ငံက စဉ်းစားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အရှည် ၁၅ ပေ (၄.၅ မီတာ)၊ အလေးချိန် ၁၂၀၀ ပေါင် (၅၄၄ ကီလိုဂရမ်) ရှိတဲ့ GPS/INS ပဲ့ထိန်းလမ်းညွှန်ဒုံး ကျည်ဟာ အကွာအဝေး ၁၈၆ မိုင် (ကီလိုမီတာ ၃၀၀) အထိပစ်ခတ်နိုင်ပြီး အလေးချိန် ပေါင် ၃၃၀ (ကီလိုဂရမ် ၁၅၀) ရှိတဲ့ ဒုံးကျည်ထိပ်ဖူးကို သယ်ဆောင်သွားနိုင်ပါတယ်။

Rampage ဒုံးကျည်ဟာ jamming ရှောင်ရှားနိုင်တဲ့ စနစ်ပါရှိပြီး ဒေါ်လာ ၃ သန်းကျော်တန်တဲ့ Storm Shadow ဒုံးကျည်ထက် အများကြီး ဈေးသက်သာတယ်လို့ ဆိုပါတယ်။

“ဗြိတိန်နိုင်ငံက Storm Shadow ဒုံးကျည်တွေအများအပြားပြန်ဝယ်ထည့်ရမယ့်အစား အစ္စရေးဒုံးကျည်တွေ ဖြည့်တင်းဖို့ စဉ်းစားနေတယ်ဆိုတာ တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ သူတို့အနေနဲ့ ဈေးနှုန်းသက် သာပြီး Storm Shadow ဒုံးကျည်နဲ့ စွမ်းရည်အတူတူဖြစ်တဲ့ အစ္စရေးဒုံးကျည်တွေကို စိတ်ဝင်စားနေပုံရပါတယ်။” လို့ ဂျိန်းအဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းဒေသအယ်ဒီတာ ဂျရယ်မီဘင်နိုင်းက ပြောပါတယ်။

ရန်သူ့ပစ်မှတ်ဖြစ်တဲ့ လေတပ်အခြေစိုက်စခန်းတွေ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေ၊ ခဲယမ်းသိုလှောင်ရုံတွေနဲ့ ရေဒါစခန်းတွေလိုမျိုး အရေးကြီးပစ်မှတ်တွေကို ထိရောက်စွာချေမှုန်းတိုက်ခိုက်နိုင်ဖို့အတွက် Rampage ဒုံး ကျည်တွေကို လေးလုံးတစ်တွဲ အတွဲလိုက်ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

အစ္စရေးအစိုးရဟာ ဒီဒုံးကျည်ကို ၂၀၁၈ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး တစ်နှစ်အကြာမှာ ဆီးရီးယားစစ်မြေပြင်မှာ တပ်ဖြန့်ချထားခဲ့ကာ ဆီးရီးယားဒုံးကျည်စက်ရုံတစ်ခုနဲ့ လက်နက်ဂိုဒေါင်တစ်ခုကို အဲဒီဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

“တစ်စင်းမှာ Rampage ဒုံးကျည်လေးစင်းတပ်ဆင်ထားတဲ့ ဂျက်တိုက်လေယာဉ်လေးစင်း စေလွှတ်လိုက်တာ ဟာ ကျွန်တော်တို့ အရင်တုန်းက မကြုံဖူးတဲ့ တိုက်စွမ်းရည်ကို ရရှိစေပါတယ်။” လို့ အစ္စရေးစစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး (IMI) ကုမ္ပဏီရဲ့ တိုက်ခိုက်မှုစွမ်းရည်ဌာနခွဲအကြီးအကဲ အီလိုင်ရီယက်က ပြောပါတယ်။

Ref: UK Looking to Buy Cheaper Israeli Alternative to Storm Shadow: Report

#PeopleMedia
3.1K viewsZ 10, 07:24
Открыть/Комментировать
2023-07-04 10:17:05
3.3K viewsZ 10, 07:17
Открыть/Комментировать
2023-07-04 10:17:01 မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ
………………………………………

နေပြည်တော်၊ ဇူလိုင် ၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အထကကျောင်းရှေ့၊ ပြည်တော်သာရပ်ကွက်၊ စာတိုက်လမ်း၊ အမှတ် (၂၀၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာလိုက်သည်။

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY)၏ မှတ်ပုံတင်အမှတ်မှာ (၃၂) ဖြစ်ကြောင်း ကြေညာထားသည်။

#PeopleMedia
3.4K viewsZ 10, 07:17
Открыть/Комментировать
2023-07-04 09:33:28
4.7K viewsZ 10, 06:33
Открыть/Комментировать
2023-07-04 09:33:21 ပေါက်ခေါင်းမြို့နယ်တွင် PDF သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး (၁) ဦးနှင့် အမျိုးသား (၁) ဦးတို့သေဆုံး
…………………………………………….

နေပြည်တော်၊ ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် PDF အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာနေ ဦးဝင်းဇော်(ခ)ပေါက်စ (၄၆) နှစ်သည် ၎င်း ပိုင်ယာခင်းအတွင်း ပဲစိုက်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းဇော်(ခ)ပေါက်စတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာနေ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းဝင်း (၆၂) နှစ်သည် ၎င်း၏ နေအိမ်မှ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ထွက်ခွာလာစဉ် ငှက်ပျောတောကျေးရွာနှင့် စက်တုံးကျေးရွာ ကြား ကျေးရွာချင်းဆက်လမ်း၏ယာဘက် သီဟိုဠ်တောအနီးအရောက်တွင် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသန်းဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

#PeopleMedia
4.7K viewsZ 10, 06:33
Открыть/Комментировать
2023-07-04 09:24:07
5.2K viewsZ 10, 06:24
Открыть/Комментировать
2023-07-04 09:23:57 ၂၂ နှစ်အတွင်း စင်္ကာပူနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့နှုန်း မြင့်တက်လာ
………………………………………..

နိုင်ငံတကာ၊ ဇူလိုင် ၄

စင်္ကာပူနိုင်ငံမှာ အနှစ်နှစ်ဆယ်ကျော်အတွင်း အမြင့်ဆုံးအဆင့်အဖြစ် ပြီးခဲ့တဲ့နှစ်က စိတ်ဖိစီးမှုများကြောင့် မိမိ ကိုယ်မိမိသတ်သေတဲ့ နှုန်း ၂၆ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း ဒေသတွင်း အစိုးရမဟုတ်တဲ့အဖွဲ့အ စည်း (NGO) တစ်ခုက ပြောပါတယ်။

မိမိကိုယ်မိမိသတ်သေတဲ့နှုန်းမြင့်တက်မှုဟာ လူငယ်တွေမှာ အသက် ၁၀-၂၉ နှစ်ကြားနဲ့ သက်ကြီးရွယ်အိုတွေ မှာ ၇၀-၇၉ နှစ်ကြားမှာ အများဆုံးဖြစ်ပွားလေ့ရှိကြောင်း စင်္ကာပူဆမာရီတန် (SOS) အဖွဲ့ရဲ့နှစ်ပတ်လည် သ တင်းစာရှင်းလင်းပွဲက ထုတ်ပြန်ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံမှာ လူဦးရေ ၄၇၆ ဦး မိမိကိုယ်မိမိ သတ်သေခဲ့ပြီး အဲဒီပမာဏဟာ ၂၀၀၀ ပြည့် နှစ်ကနေစတွက်ရင် အနှစ်နှစ်ဆယ်ကျော်အတွင်း အမြင့်ဆုံး ပမာဏဖြစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ်မတိုင်မီက မိမိ ကိုယ်မိမိသတ်သေတဲ့နှုန်း ၃၇၈ ဦးသာရှိကြောင်း SOS အဖွဲ့က ပြောပါတယ်။

“စင်္ကာပူနိုင်ငံထဲမှာ အခုလိုမကြုံစဖူးထူးထူးခြားခြား ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့နှုန်းမြင့်တက်တာကို မြင်ရ တာဟာ အလွန်ဝမ်းနည်းကြေကွဲစရာပါပဲ။” လို့ စိတ်ကျန်းမာရေးအတိုင်ပင်ခံ ဝါရင့် စိတ်ရောဂါအထူးကုဆရာဝန် ကြီး ဒေါက်တာဂျရတ်အန်ဂျီက ပြောပါတယ်။

“ဒီလိုသတ်သေမှုနှုန်းထားမြင့်တက်လာတာဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထူးသဖြင့် လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကြားထဲမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ စိတ်ဖိစီးမှုအခြေအနေကို ပြသလိုက်တာပဲဖြစ်ပါတယ်။ လူမှု ရေးအရ သီးသန့်အကျဉ်ခံထားရတာတွေ၊ အထီးကျန်စိတ်ပျက်နေတာတွေလို စိတ်ကျန်းမာရေးအပေါ် ဆိုးဆိုး ရွားရွားဆက်လက်ထိခိုက်စေတဲ့ ပြဿနာတွေကို ဖိအားပေးနေတာတွေကို ဆက်လက်ပြီး နိုးနိုးကြားကြားနဲ့ သ တိရှိဖို့ အလွန်အရေးကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။

မိမိကိုယ်မိမိသတ်သေမှုဟာ လေးနှစ်ဆက်တိုက်ကြာဖြစ်ပွားခဲ့တဲ့ အသက် ၁၀-၂၉ နှစ်ကြားလူငယ်တွေသေဆုံး မှုအတွက် အဓိကအကြောင်းရင်းဖြစ်ကြောင်း၊ သေဆုံးမှုရဲ့ ၃၃.၆ ရာခိုင်နှုန်းဟာ အဲဒီအသက်အရွယ်ရှိတဲ့လူငယ် တွေကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ်အတွင်း အဲဒီအသက်အရွယ်ကြားလူငယ် စုစုပေါင်း ၁၂၅ ဦးသေဆုံးခဲ့တာဟာ ၂၀၂၁ ခုနှစ်အတွင်း ၁၁၂ ဦး သေဆုံးခဲ့တာထက် ၁၁.၆ ရာခိုင်နှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပြောရရင် အသက် ၁၅-၂၉ နှစ်ကြားလူငယ်တွေ သေဆုံးမှုထဲမှာ မိမိကိုယ်မိမိ သတ်သေမှုဟာ သေဆုံးမှုတွေထဲက စတုတ္ထမြောက်အဓိက အကြောင်းရင်းဖြစ်တယ်လို့ှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ အသက် ၇၀-၇၉ နှစ်ကြား သက်ကြီးရွယ်အိုတွေသတ်သေနှုန်းဟာ ၂၀၂၁ ခုနှစ်မှာ လူဦးရေ ၃၀ ရှိခဲ့ရာက ၂၀၂၂ ခုနှစ်မှာ ၄၈ ဦးအထိ မြင့်တက်လာတဲ့အတွက် ရာခိုင်နှုန်း ၆၀ အထိ မြင့်တက်လာခဲ့တာဖြစ် တယ်လို့ SOS အဖွဲ့က ပြောပါတယ်။

ကမ္ဘာ့သေဆုံးမှုအနည်းဆုံးနိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာ သက်ကြီးရွယ်အိုလူဦးရေတိုးပွား လာနေတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်ဝန်းကျင်က လူ ၆ ဦးမှာ သက်ကြီးရွယ်အို တစ်ဦးသာရှိတဲ့စင်္ကာပူမှာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင်မှာ လူ ၄ ဦးမှာ အသက် ၆၅ နှစ်နဲ့ အထက် သက်ကြီးရွယ်အို တစ်ဦးနှုန်းဖြစ်လာလိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။

မိမိကိုယ်မိမိသတ်သေတယ်ဆိုတာ စိတ်ကျန်းမာရေးအခြေအနေ၊ လူမှုဖိအားအခြေအနေနဲ့ စီးပွားရေးမရေရာ မသေချာမှုအခြေအနေတွေအပါအဝင် အကြောင်းအမျိုးမျိုးလွှမ်းမိုးသက်ရောက်ခံရတဲ့ ရှုပ်ထွေးလှတဲ့ပြဿနာ တစ်ရပ်ဖြစ်ကြောင်း SOS အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ဂက်စ်ပါတန်က ပြောပါတယ်။

ကမ္ဘာတစ်ဝန်း နှစ်စဉ် မိမိကိုယ်မိမိသတ်သေတဲ့လူဦးရေနှုန်းထားဟာ ၇၀၀,၀၀၀ ရှိကြောင်း WHO က ပြောပါ တယ်။

Ref: Suicides in Singapore reportedly rise to 22-year high

#PeopleMedia
5.2K viewsZ 10, 06:23
Открыть/Комментировать
2023-05-31 16:50:16
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ချောင်းဦးပဒက်စခန်း

#PeopleMedia
6.6K viewsKyaw Soe Oo, 13:50
Открыть/Комментировать