Получи случайную криптовалюту за регистрацию!

People Media

Логотип телеграм канала @peoplemedianews — People Media
Актуальные темы из канала:
Peoplemedia
Адрес канала: @peoplemedianews
Категории: Карьера
Язык: Русский
Количество подписчиков: 141.98K
Описание канала:

https://www.peoplemediamyanmar.com/

Рейтинги и Отзывы

1.50

2 отзыва

Оценить канал peoplemedianews и оставить отзыв — могут только зарегестрированные пользователи. Все отзывы проходят модерацию.

5 звезд

0

4 звезд

0

3 звезд

0

2 звезд

1

1 звезд

1


Последние сообщения 81

2023-05-12 18:09:50 မျက်နှာသေတွေနဲ့ ပေကြောင်ကြောင် ရုပ်တွေနဲ့ မယူချင် ယူချင် အကယ်ဒမီ ယူရတဲ့ သရုပ်ဆောင်တွေထက် အခု ဘောလုံး ပလေယာတွေက တန်ဖိုးကြီးတယ်။တန်ဖိုးမြင့်တယ်။ ကန်ချင်သလို ကန် မြန်မာဆိုရင် ငယ်နိုင်ပါဆိုတဲ့ စိတ်တွေကို ချေဖျက်ပြသွားတာ အကယ်ဒမီထက် တန်ဖိုးမြင့်တယ်။နှိုင်းပြဖို့ ခက်တယ်။

ရင်ဘတ်မှာ မြန်မာအလံ ရေးထိုးထားတဲ့ ဂျာစီဝတ်ပြီး မိနစ် ကိုးဆယ်လုံးလုံး သူတင် ကိုယ်တင် ယှဥ်ပြိုင်သွားတာ။နိုင်လိုစိတ် ပြင်းပြင်းပြပြနဲ့ ယှဥ်ပြိုင်သွားတာ။ဂုဏ်ယူစရာ ဖြစ်အောင် လုပ်ပြသွားတာ။

ခြေစွမ်းရော အောင်ပွဲပါ အဖိုးတန်လွန်းတယ်။

ဂျပန်လူမျိုး နည်းပြကြီးကိုလည်း ကျေးဇူးတင်ရမယ်။ပွဲ ကန်ကာနီး ရက်ပိုင်းအလိုကျတော့မှ နည်းပြချုပ် ဖြစ်ခဲ့တာဆိုတော့ ။ အခုလို ဗိုလ်လုပွဲထိ ရောက်လာမယ်လို့ ထင်မထားခဲ့ကြတာ။မဖြစ်နိုင်ဘူး ထင်ခဲ့ကြတာ။

အခုတော့ အကောင်းဆုံး လုပ်ပြသွားတာ။
တကယ်ကို အံ့သြမှင်သက် ကြည်နူးပျော်ရွှင်စရာ ကာလကို ဖန်တီးပေးလိုက်တာ။အရယူပေးလိုက်တာ။

နောက်ထပ် မိနစ်ကိုးဆယ်ကိုသာ ကြံ့ကြံ့ခံဖြတ်သန်းပြီးရင် ၊ နိုင်လိုစိတ်ပြင်းပြရင် ချန်ပီယံ ဖြစ်ဖို့က ကိုယ့်လက်ထဲမှာ။ ဖန်တီးနိုင်ခွင့်က ကိုယ့်လက်ထဲမှာ။

Amazing Come Back

ဖြစ်အောင် လုပ်ပြခဲ့ပြီပဲ။
ရွှေတံဆိပ်ရဖို့ဆိုတာ လုပ်ပြခွင့်ရှိနေပြီကို။

သေချာတာကတော့...

မြန်မာဘောလုံး ပရိတ်သတ်တွေ အားလုံး က

" မြန်မာနိုင်ပြီ ဒို့ မြန်မာန်ိုင်ပြီ " သီချင်းကို သံပြိုင်ဟစ်ကြွေး သီဆိုဖို့ ကိုယ်ရော စိတ်ပါ အဆင်သင့် ဖြစ်နေပြီလို့ ရည်ညွှန်း ဂုဏ်ပြုချင်ပါတယ်။

မျိုးချစ်
၁၂ ၊ မေ ၊ ၂၀၂၃ ။

#PeopleMedia
8.0K viewsMg Mg, 15:09
Открыть/Комментировать
2023-05-12 18:09:50 Amazing Come Back!
Really Amazing Come Back!

ဘောလုံးဆိုတာ အဲတာပဲလို့ မြန်မာ အမျိုးသမီး အသင်း လုပ်ပြသွားတာ။မဖြစ်နိုင်ဘူး ထင်တာတွေကို ရိုက်ချိုးပြသွားတာ။

နိုင်ငံချစ်စိတ် တိုင်းပြည်ချစ်စိတ် က ဘာလဲဆိုတာကို သက်သေပြသွာတာ။ ခွန်အားရှိသရွေ့ နိုင်ငံအတွက် ရုန်းကန်မယ်ဆိုတဲ့ စိတ်ကို ပြသွားတာ။

တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ ဘောလုံးပွဲ တစ်ပွဲ။

ဘောလုံးပွဲ ဆိုတာထက် နိုင်ငံချစ်စိတ် တိုင်းပြည်ချစ်စိတ် ၊ မြန်မာဘောလုံးပရိတ်သတ်အတွက် ပျော်ရွှင်စရာတွေကို ဖန်တီးပေးချင်တဲ့ စိတ် ဆန္ဒတွေကို အထင်းသား မြင်ရခဲ့တာလို့ ပြောရမယ်။

ပထမပိုင်း ၁၁ မိနစ်မှာတင် နှစ်ဂိုး အသွင်းခံရတဲ့ မြန်မာ အသင်း အနေနဲ့ အခုလို Come Back ပြန်လာနိုင်မယ်လို့ ဘယ်သူမှ ထင်ထားကြမှာ မဟုတ်ဖူး။ပွဲ မကန်ခင်တည်းက ရှုံးမယ်လို့ တွက်ဆ ထားကြတာတွေများတယ်။ခါတိုင်းလိုပဲ ထိုင်းကို ရှုံးမယ်။ ပြန်လာမယ်။

ဘောလုံးပွဲ ရဲ့ ဖြစ်နိုင်ချေအရ ကြည့်ရင်ကို အဲဒီလိုပွဲမျိုးက ပြန်လာနိုင်ဖို့ခက်တယ်။ ဟိုဘက်အသင်းက ခံစစ်အထိုင်ချပြီး အနိုင်ဂိုးကို ထိန်းကန်သွားရင် ရတဲ့ အနေအထားမျိုး။အဲဒီလို အနေအထားကနေ Come Back ပြန်လာနိုင်တာ ရှိတော့ ရှိတယ် ။ ရှားတယ်။

အခုတော့ အဲဒီလို ရှားပါး အောင်ပွဲကို မြန်မာ အမျိုးသမီး အသင်းက လုပ်ပြသွားတယ်။ဖန်တီးပြသွားတယ်။

ပထမပိုင်း ပြီးကာနီး ချေပဂိုးသွင်းတော့ ထိုင်း ကစားကွက် ပျက်သွားတယ်။အဲဒီ လေး ငါးမိနစ်မှာတင် အပိုင်ကန်ခွင့်ရတာ သုံး လေးလုံး ရှိတယ်။ ဂိုး အဖြစ်တော့ မပြောင်းလဲနိုင်ဘူး။ဂိုးပေါက်ကို အကောင်းဆုံး ခြိမ်းခြောက်သွားနိုင်တယ်။

ဒုတိယပိုင်း အစမှာတင် မြန်မာက နှစ်ဂိုး သွင်းပြလိုက်တယ်။ ပွဲရလာဒ် ပြောင်းပြန် ဖြစ်သွားတယ်။မြန်မာ သုံးဂိုး ၊ ထိုင်း နှစ်ဂိုး။ ထိုင်း ကစားကွက် ဖရိုဖရဲ ဖြစ်သွားတယ်။ပြီးတော့မှ ကစားအား ပြန်တင်တယ်။မြန်မာ အသင်းက ကျစ်ကျစ်လစ်လစ်နဲ့ ခံစစ်ကို အကောင်းဆုံးကစားတယ်။ အဝေးကန်ချက် တစ်လုံးကို မြန်မာ ဂိုးသမား အပိုင်ကာကွယ် သွားခဲ့တယ်။

နာကျင်အချိန်ပို ရောက်တော့ မြန်မာ အသင်းက အနိုင်သေချာမယ့် စတုတ္ထဂိုး ထပ်သွင်းတယ်။အရာအားလုံး ပြီးပြည့်စုံသွားခဲ့ပြီ။ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့ပြီ။

တော်ရုံ စိတ်နဲ့တော့ Amazing Come Back မဖြစ်နိုင်ဘူး။ဂိုးပြတ် ရှုံးနေရာကနေ အနိုင်ပြန်ယူရတာ။မလွယ်ဘူး။ခက်ခဲတယ်။ ဖြစ်အောင်လုပ်ပြသွားတယ်။

သွင်းခဲ့တဲ့ လေးဂိုး စလုံးက အဆင့်အတန်းမြင့် ဂိုးတွေ။ပေါချောင်ကောင်း မပါဘူး။တကယ်ကို နားလည်မှု ချိန်သားကိုက်မှု အဆုံးသတ်သေချာမှု နိုင်လိုစိတ်ပြင်းပြမှုကြောင့် ဖြစ်တည်ခဲ့တဲ့ ဂိုးတွေ။ သေသပ်တယ်။လှပတယ်။ရင်သက်ရှုမော ဖြစ်ရတယ်။ ပျော်ရွှင်ကြည်နူးရတယ်။ဝမ်းသာပီတိ ဖြစ်ရတယ်။

ထိုက်တန်လွန်းတဲ့ အောင်ပွဲလို့ ရည်ညွှန်းရမယ်။

အဲဒီ အောင်ပွဲကို အားပေးကြတဲ့ မြန်မာပြည်တွင်း ပရိတ်သတ် တစ်ချို့တော့ အောင့်သက်သက် ဖြစ်ရတာ ရှိတယ်။

တစ်ခုက MRTV က Live ပြနေရင်း ရှစ်နာရီ သတင်းကြေငြာတော့ ဘောလုံးပွဲပြတာကို ရပ်လိုက်တာ။ကြည့်ရင်းနဲ့ တိုင်ပတ်သွားကြတယ်။ Fb Live လေး ပေးပါဦးတို့ ဘာတို့ ဖြစ်သွားတယ်။

နောက်တစ်ခုက မီး မရတာ။ မီးပျက်တာ။ ဘောလုံးပွဲ အားပေးဖို့တောင် မီးမရတော့ မီးပျက်တော့ ဘာလုပ်ရမှန်း မသိကြတော့တာ။လွယ်တော့ မလွယ်ဘူး။

တိုင်းပြည်ချစ်စိတ်နဲ့ အားပေးကြတယ် ဆိုပေမယ့် ဒုက္ခတွေက အဲဒီလို။ဘယ်သူ့ အပြစ်ပြောလို့ ပြောရမှန်း မသိတဲ့ ခံစားမှုတွေ။

နောက်တစ်ခုက..

မြန်မာ ဘောလုံး အသင်းမှာ မ ကစားဘူး ဘာညာ ပေါက်လွှတ်ပဲစားပြောကြတဲ့ ပေါကြောင်ကြောင် ပလေယာတွေကို မေးကြည့်ချင်တာ။

ဘရိုတို့ ကန်ရင်ရော အခုလို Amazing Come Back လုပ်ပြနိုင်ပါ့မလား ဆိုတာကို။

အခုအချိန်က ဘက်ပေါင်းစုံ ဖိအားရှိတယ်။အများကြီး။

SAC လက်အောက်မှာ ဘော မကန်ဘူးတို့။ ကန်တဲ့ ပလေယာကို ဘောမ တို့ ဘာတို့ ။ ဘယ်သူတွေပြောလဲ ကြည့်လိုက်တော့။ သူတို့ ဘောလုံး ပလေယာ အချင်းချင်း ပြောကြတာ။ သောက်ဖောင်းထုကြတာ။ ဆရာကြီး အထာကိုင်ကြတာ။ ပြိုင်ပွဲကန်နေတဲ့ ကလေးတွေကို ရိသဲ့သဲ့ လုပ်ကြသေးတာ။

အခုကြတော့ အဲဒီ သောက်ဖောင်းထုတာတို့ ၊ ဘောင်မဝင် တန်းမဝင်အောင်လုပ်တာတို့ လုပ်ပြခဲ့တဲ့ ပလေယာတွေကို အမျိုးသမီး အသင်းက သင်ခန်းစာ ပို့ချသွားတာ။ ဝေဖန်သံ သောက်ဖောင်းထုသံတွေ တိတ်အောင်လုပ်ပြသွားတာ။ ချိုမြိန်လွန်းတယ်။ အရသာ ရှိလွန်းတယ်။

ပြီးခဲ့တဲ့ အကယ်ဒမီတုန်းက မီဒီယာတွေ မေးတာကို မဖြေချင်တာလို ဖြေချင်တာလို ပေါကြောင်ကြောင်လုပ်တဲ့ သရုပ်ဆောင်တွေကို အင်တာမဗျူးပဲ အခု နိုင်ပွဲရတဲ့ Amazing Come Back ဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ ပလေယာတွေကို တခမ်းတနား မေးသင့်တယ်။ ရိုက်ပြသင့်တယ်။ ရှိသမျှ မီဒီယာတွေ အကုန်လုံး ဖော်ပြသင့်တယ်။

Breast နဲ့ Bra မတည့်လို့ အပေါ်တက်နေတာမျိုး ဖော်ပြမှာထက် အခုလို Amazin Come Back ဖြစ်ခဲ့တဲ့ မြန်မာအမျိုးသမီး သတင်းတွေက Cover Story ဖြစ်သင့်တယ်။ မျက်နှာဖုံး သတင်း ဖြစ်သင့်တယ်။
7.6K viewsMg Mg, 15:09
Открыть/Комментировать
2023-05-12 18:09:35
7.0K viewsMg Mg, 15:09
Открыть/Комментировать
2023-05-12 17:12:20 ထိုင်းအသင်းကို နိုင်ဖို့ ခေတ်အသစ် နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံ မျိုးဆက်တွေ ကြိုးစားခဲ့ကြတယ်။


ဘယ်လောက်ကြိုးစားပါစေ အရာမထင်ခဲ့ပါဘူး။



လက်ရှိ မြန်မာ အမျိုးသမီးအသင်းက သမိုင်းမှတ်တိုင်ကို တစ်ဖန် စိုက်ထူနိုင်မှုကြောင့် နိုင်ငံတော် အနေနဲ့ ထိထိရောက်ရောက် ပံ့ပိုး ချီးမြှောက်သင့်ပါကြောင်း PeopleMedia က တိုက်တွန်းလိုက်ရပါတယ်။



ဒီအောင်မြင်မှုက ဒီခေတ်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုလည်းဖြစ်ပါတယ်။

(ကျော်စိုးဦး)
8.5K viewsKyaw Soe Oo, edited  14:12
Открыть/Комментировать
2023-05-12 16:58:11
ဒီခေတ်မှာ နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ် ပြင်းထန်တဲ့ မြန်မာ အမျိုးသမီး အသင်းက ထိုင်း အသင်းကို 4-2 ဖြင့် အနိုင်ရရှိခဲ့သည်။


#PeopleMedia
8.8K viewsKyaw Soe Oo, 13:58
Открыть/Комментировать
2023-05-12 16:56:10 ဒီခေတ်မှာ နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ် ပြင်းထန်တဲ့ မြန်မာ အမျိုးသမီး အသင်းက ထိုင်း အသင်းကို 4-2 ဖြင့် အနိုင်ရရှိခဲ့သည်။


#PeopleMedia
8.7K viewsKyaw Soe Oo, 13:56
Открыть/Комментировать
2023-05-12 16:53:54 မြန်မာ အမျိုးသမီး အသင်း သမိုင်းမှတ်တိုင် ရေးထိုးနိုင်ခဲ့ပြီ။
8.7K viewsKyaw Soe Oo, 13:53
Открыть/Комментировать
2023-05-12 16:53:06 မြန်မာ 4-ထိုင်း 2
8.7K viewsKyaw Soe Oo, 13:53
Открыть/Комментировать
2023-05-12 16:15:07
မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ် ပြင်းထန်နဲ့ မြန်မာအမျိုးသမီးအသင်းက ထိုင်းအသင်းကို ၃ဂိုး နှစ် ဂိုးဖြင့် အနိုင် ရရှိထားပါတယ်။

#PeopleMedia
9.2K viewsKyaw Soe Oo, 13:15
Открыть/Комментировать
2023-05-12 16:13:40 မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ် ပြင်းထန်နဲ့ မြန်မာအမျိုးသမီးအသင်းက ထိုင်းအသင်းကို ၃ဂိုး နှစ် ဂိုးဖြင့် အနိုင် ရရှိထားပါတယ်။

#PeopleMedia
8.9K viewsKyaw Soe Oo, 13:13
Открыть/Комментировать