Получи случайную криптовалюту за регистрацию!

ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ် တောင်ကိုရီးယားအပါအဝင် ၅ နို | Z Fighter News [⌨︎]

ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ် တောင်ကိုရီးယားအပါအဝင် ၅ နိုင်ငံ ရွေးချယ်ခံရပြီး ဘီလာရုစ်အား ပယ်ချ

Z Fighter June 7

ကုလသမဂ္ဂ အထွေထွေညီလာခံဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ၂ နှစ်သက်တမ်းအတွက် အယ်လ်ဂျီးရီးယား၊ ဂိုင်ယာနာ၊ ဆီယာရာလီယွန်၊ စလိုဗေးနီးယားနဲ့ တောင်ကိုရီးယား ၅ နိုင်ငံတို့ကို ဇွန် ၆ ရက်မှာ ရွေးချယ်ခဲ့ပြီး ယူကရိန်းကို ကျူးကျော်တိုက် ခိုက်ရာမှာ ရုရှားနဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ် ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ အဖွဲ့ဝင် ၁၅ ဦးပါ ကောင်စီမှာ အယ်လ်ဂျီးရီးယား၊ ဂိုင်ယာနာ၊ တောင်ကိုရီးယားနဲ့ ဆီယာရာလီယွန်တို့ကို ကန့်ကွက်သူ မရှိခဲ့ပေမဲ့ ပြိုင်ဆိုင်ရတဲ့ ၁ နေရာအတွက် စလိုဗေးနီးယားက ဘီလာရုစ်ကို အနိုင်ရခဲ့တာပါ။[ Z-F ]

Read more
https://telegra.ph/Z-Fighter-06-07-39

#Adm_7
#DVB
#z_fighter

https://t.me/zfighternews