Получи случайную криптовалюту за регистрацию!

ဟားခါး-ထန်တလန်အကြား သီမစ်တိုက်ပွဲတွင် CNA ရဲဘော် ၃ ဦးကျဆုံးခဲ | Z Fighter News [⌨︎]

ဟားခါး-ထန်တလန်အကြား သီမစ်တိုက်ပွဲတွင် CNA ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေ

Z Fighter June 7

ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြား သီမစ်လွင်ပြင်တွင် ချင်းအမျိုးသား တပ်မတော်၊ ချင်းကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့၊ ဇွန်လ ၆ ရက်နေ့တွင် ချင်းအမျိုးသားတပ်မတော် (CNA)ဘက်က ရဲဘော် ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး ရဲဘော်များထံက သိရသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်း အပါအဝင် လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ကူပေးလျက်ရှိကြောင်းသိရသည်။
[ Z-F ]

ဓာတ်ပုံ-ကျဆုံးသွားသော CNAရဲဘော်များနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိသော ဒရုန်းနှင့် လက်နက်ခဲယမ်းများ

Read more
https://telegra.ph/Z-Fighter-06-07-34

#Adm_7
#Ayeyarwaddy_Times
#z_fighter

https://t.me/zfighternews