Получи случайную криптовалюту за регистрацию!

ထောင် ၁၉ နှစ်ချမှတ်ခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်က | Z Fighter News [⌨︎]

ထောင် ၁၉ နှစ်ချမှတ်ခံထားရတဲ့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်ကို သေဒဏ်ချမှတ်နိုင်တဲ့ အမှု ၂မှုနဲ့ တရားထပ်စွဲ

Z Fighter May 15

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်က ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီမှ ပြည်မြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပြည်ထောင်တွင်းတရားရုံးက ပုဒ်မ ၂ ခုနဲ့ ထပ်မံတရားစွဲထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

အကြမ်းဖက်မှု၊ ရွေးကောက်ပွဲ၊ ၅၀၅ (က) ၂ မှု၊ ယစ်မျိုး၊ ဘေးစီမံ စတဲ့အမှုတွေနဲ့ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထားရတာကနေ လက်ရှိမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က) နဲ့ ၂ မှု ထပ်မံစွဲဆိုခဲ့ တာလို့ သိရပါတယ်။ [ Z-F ]

Read more
https://telegra.ph/Z-Fighter-05-15-24

#Adm_7
#MyaelattAthan
#z_fighter

https://t.me/zfighternews